Friday, March 15, 2013

ဒို့တာဝန် အရေး(၃)ပါး သည် သိန်း တစ်ရာ မတန်လို့လားဟု မေးလိုက် ချင်တော့သည်

Posted by drmyochit Friday, March 15, 2013, under | No comments

ပုံနှိပ်ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးခြင်းမပြုရန် ပြည်သူ့လွှတ်တော် အားကစား၊ ယာဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးကော် မတီ ဥက္ကဋ္ဌသူရဦးအေးမြင့်က ယနေ့လွှတ်တော်တွင် အရေးကြီး အဆို တစ် ရပ်အဖြစ် တင်သွင်းလိုက်ပြီး လွှတ်တော်က ဥပဒေကြမ်းဆိုင်းငံ့ရန် တရားဝင် သဘော တူညီ လိုက်သည်။

ဒေါက်တာ ဆိတ်ဖွား ကိစ္စမှ စတင်ကာ လွှတ်တော်ကြီးသည် အင်တာနက်တွင် မည်သူ၏ ဆန္ဒအတိုင်း အလုပ် လုပ်နေ သလဲ ဆိုသည့် မေးခွန်းများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ဒေါက်တာ ဆိတ်ဖွားကို လွှတ်တော်က ရှာချင် တာလား၊ Eleven က ရှာချင်တာလား ဆိုသည်ကိုလည်း တွေးမိခဲ့ဖူးသည်။ ဂျာနယ်များနှင့် အတိုက် အခံ အပုပ်ချ မီဒီယာများမှ အစိုးရ၊တပ်မတော်နှင့် လွှတ်တော် အမတ်ကြီးများကို ဝေဖန် အပုပ်ချသည့်အခါ ဒေါက်တာ ဆိတ်ဖွားမှ ကာကွယ်တုန့်ပြန် ရေးသားပေးခဲ့သည်။ ခုံရုံးကိစ္စနှင့် စာပြောင် တစ်ခု ရေးမိသည့် အခါ Eleven အလိုကျ စုံစမ်းပေးရသကဲ့သို့ ဖြစ်သွားခဲ့ သည်။

ပုံနှိပ် ဥပဒေကြမ်းကို စတင်ကြေငြာစဉ်က Eleven က ထိပ်ဆုံး ကန့်ကွက်သည်။ ဆိုင်းဘုတ်တင်ခွင့် ရှိသည်၊ မရှိ သည် မသိ။ အစိုးရအဖွဲ့ ၀န်ကြီးနှင့် ဥပဒေကို ကိုယ်ပိုင်တိုက်တွင် ဗီနိုင်း ချိတ်၍ ကန့်ကွက်သည်။ ထိုသို့ ပြုလုပ်၍ ရသည်ဆိုပါက တစ်နိုင်ငံလုံးရှိ အိမ်များတွင် ကိုယ်မကြိုက်သည့် ဥပဒေများကို ဗီနိုင်းချိတ်၍ ရေးဆွဲ ထား နိုင်မည် ဖြစ်သည်။ သို့သော် မည်သူမှ အရေးမယူ။ သတိပေး ပြောဆိုခြင်း မရှိ။ ဘယ်သူကို ဘာဖြင့် ဆို့ထားသလဲ ဆိုသည့် စကားလုံးများ သုံးပြီး မေးချင်သော်လည်း မမေးဝံ့ကြ။

ယခုတစ်ဖန် ပုံနှိပ်ထုတ်ဝေသူများ အသင်းက လက်ခံသည့် ဥပဒေကြမ်းကို မီဒီယာသမား စာနယ်ဇင်းများက ကန့်ကွက်သဖြင့် လွှတ်တော်တွင် အရေးကြီး အဆိုတင်သည်။ လွှတ်တော်က ဆိုင်းငံ့ထားရန် သဘောတူသည်။ ဒို့တာဝန် အရေး(၃)ပါးကို မထိခိုက်သည့်စာလည်း မရေးတတ်။ သတင်းပေါင်း မျိုးစုံ ရှိသည့်အထဲမှာမှ အစိုးရ နှင့် တပ်မတော်ကို အပုပ်ချသည့် သတင်းကို ဖော်ပြပြီး ၀င်ငွေရှာသည့် လေးဘက်ထောက်များကို လွှတ်တော် က ဘာကြောင့် ကာကွယ်ပေးရသနည်း။ ထို ဆိုင်းငံ့လိုက်သည့် ပုံနှိပ် ဥပဒေကြမ်း မရှိသဖြင့် စိတ်တိုင်းကျ အပုပ်ချ ခံရဦးမည့် အစိုးရအဖွဲ့သည် ယနေ့ မဲပြား များ ပင် မဟုတ်ပါလော။

Eleven က ရေးသည့် အသုံးမကျသည့် ခေါင်းပေါင်းများ ဟူသည် ယခု လွှတ်တော်တွင်း ဆွေးနွေးနေကြ သူ များကို ရည်ညွှန်းသည်ကို မသိ၍ မနာသလော။ မထိ၍ မနာသလော။ ထူနေ၍ မနာသလော ဆိုသည် ကိုတော့ ကျွန်တော် စဉ်းစား၍ မရ။ ဘာသာနှင့် ယဉ်ကျေးမှုကို ထိခိုက်သော သတင်းဆောင်းပါး ပုံနှိပ် စာပေ၊ အစိုးရနှင့် တပ်မတော်ကို အပုပ်ချသော ပုံနှိပ် စာပေများအတွက် ထိန်းကွပ်ခြင်းကို Eleven က စပြီးတောင်း ဆိုသည့် အတွက် သံယောင် လိုက်ပေး ရသည်မှာ အဘယ် သို့သော အရည် အချင်းများ ပါလဲ။

ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက်ရေးသားထုတ်ဝေသည့် အတွက် ပြစ်ဒဏ်မှာ သိန်း ၅၀ မှ သိန်း ၁၀၀ သာ ဖြစ် သည်။ မြန်မာ နိုင်ငံ၏ ဈေးအကြီးဆုံး ဥပဒေဆိုလျှင်ပင် ဒို့တာဝန် အရေး(၃)ပါးသည် ကျွန်တော်တို့ အတွက် တန်ဖိုး မဖြတ်နိုင်သည့် အရာပင် ဖြစ်သဖြင့် သိန်းရာထောင်မက တန်ဖိုးရှိပါသည်ဟု လွှတ်တော် မင်းကြီး များ သိစေ ချင်လှပါပေတော့သည်။

ထက်မြက်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်