Friday, March 15, 2013

မွန်နှင့်ကရင် ငြိမ်းချမ်းရေးအဖွဲ့အစည်းမှ ပြည့်တန်ဆာ အနှိပ်ခန်း အား ဖမ်းဆီးပြီး ခံဝန်ဖြင့် ပြန်လွှတ်

Posted by drmyochit Friday, March 15, 2013, under | No comments



မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင် သာယာ ရပ်ကွက်ရှိ မွန်ငြိမ်း ချမ်းရေး အဖွဲ့ အစည်းနှင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့ အစည်း များမှ ဖွင့်လှစ် လုပ်ကိုင်နေသော တရားမ၀င် အနှိပ်ခန်း အမည် ခံ ပြည့်တန်ဆာ ခန်းများ အား မော်လမြိုင် ခရိုင်နှင့် မြို့နယ် ရဲတပ် ဖွဲ့မှ ပူးပေါင်း အင်အား ၅၀ ခန့်ဖြင့်
၁၄-၃-၂၀၁၃ ရက်နေ့ ညကိုးနာရီ အချိန် ခန့်တွင် ၀င်ရောက် ဖမ်း ဆီး ခဲ့ပါသည်။
 
ထိုသို့ ၀င်ရောက် ဖမ်းဆီးခဲ့ရာ လက်ပူး လက်ကြပ် ဖမ်းဆီး တွေ့ရှိ ခဲ့ပြီး ဆိုင်များတွင် လုပ်ကိုင်နေသော ၀ိတ်တာ ယောက်ျား လေးများ အနှိပ်သမားများအပြင် လာရောက် ပျော်ပါးသူ ဧည့်သည်များကိုပါ ဖမ်း ဆီး ခေါ်ဆောင် သွားခဲ့ ပါသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ည ၁၂ နာရီ အချိန် ၀န်းကျင် ခန့်တွင် ခံဝန်ဖြင့် ဖမ်း ဆီး ခေါ်ဆောင် သွားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါသည်။

မော်လမြိုင် မြို့တွင် အနှိပ်ခန်း အမည်ခံ ပြည့် တန်ဆာ ခန်းများ များပြားစွာ ဖွင့်လှစ် လုပ်ကိုင်နေ ကြပြီး ပြည် သူ့ ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူမှု မရှိသလောက် နည်းပါးပြီး မဖြစ်မနေ ဖမ်းဆီး အရေးယူရာ တွင်လည်း ငြိမ်းချမ်းရေး အဖွဲ့ အစည်း များမှ ဖွင့်လှစ် လုပ်ကိုင်နေသော ဆိုင်များကို ခံဝန်ဖြင့် ပြန် လွှတ်ပေးခြင်း၊ အခြားသော အရပ်သား ဆိုင်များကို ကြိုတင် အကြောင်းကြားကာ ပိတ်သိမ်းစေပြီးမှ အဖမ်းပြုခြင်း၊ စတိ ဒဏ်ငွေ ချ အရေး ယူကာ ပြန်လွှတ်ပေးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

MLM Media Group
Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်