Friday, March 15, 2013

တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား

Posted by drmyochit Friday, March 15, 2013, under | No comments

စစ်ကိုင်းတိုင်း မုံရွာ ခရိုင် ဆားလင်းကြီးမြို့ လက် ပန်းတောင်း တောင် ကြေး နီစီမံကိန်း ဖျက်သိမ်းရေး တုံရွာ သပိတ် စခန်း တည်ထား တဲ့နေ ရာဟာ လမ်းဧရိ ယာမှာ ပါနေ တဲ့အတွက် ဖယ်ရှားပေးဖို့ ဆောက် လုပ်ရေး ၀န်ကြီး ဌာနလက်အောက် လမ်းတံ တားဌာန တာဝန်ရှိ သူတွေ ဒီမနက် ၈ နာရီကျော်လောက်မှာ သပိတ် စခန်းက တာဝန် ရှိသူတွေ ကို အသိပေးပြော ဆို သွား ပါတယ်။


Photo:  ဒေသခံများ မနေ့က ချီတက်ဆန္ဒပြစဉ်

နယ်မြေခံ ဒီဗွီဘီ သတင်းထောက် မတင်မာဆွေက “ဒီနေ့တော့ ဒီ သပိတ် စခန်းကို စည်ပင် သာယာ လာပြီး ဖျက်ခိုင်းနေ တယ်။ သူတို့ နာမည်ကို ချိတ်ဆွဲ ထားခြင်း မရှိသလို သူတို့ကို အင်တာဗျူး တော့လည်း အဗျူး မခံဘူး။ အထက်က အမိန့် အရ ကျနော်တို့က လုပ်ရ တာပါ အဲလို ချည်းပြောတာ။ သူတို့ကို ဗွီဒီယို ရိုက်မယ်ဆိုတော့လည်း အရိုက် မခံဘူး” လို့ ပြောပါတယ်။

လာရောက် ဖယ်ခိုင်း ချိန်က သပိတ် စခန်းမှာ လူ ၄၀ ကျော်ခန့် သာရှိပြီး လာရောက်တဲ့ အဖွဲ့က ၅ ယောက်ပါ ၀င်ပြီး ပြန်သွား တယ်လို့ ဆိုပါတယ်။

တုံရွာဒေ သခံ မခိုင်က “ကျမတို့ကေတာ့ ကြေးနီတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒ ထုတ်ဖော်နေ တာပါ။ အဲ့ဒီ အတွက် သပိတ် စခန်းကို မဖယ်ရှားပေး နိုင်ပါဘူး” လို့  ပြော ပါတယ်။

အဲဒီ တုံရွာ သပိတ် စခန်းဟာ မနှစ် နိုဝင်ဘာ လကုန်ပိုင်းက သပိတ် စခန်းေ တွကို ရဲက ဖြို ခွင်းပြီး ရက်ပိုင်း အတွင်း ပြန်လည် တည်ခဲ့တဲ့ သပိတ် စခန်း ဖြစ်ပါတယ်။

မနေ့က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေးကော် မရှင် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် လာတဲ့ ခရီးစဉ် နဲ့အပြိုင် သူတို့ သပိတ် စခန်းက ရာနဲ့ ချီတဲ့ ရွာသားတွေက ဒီစီမံကိန်း လုံးဝ ဖျက်သိမ်းဖို့  ၉ မိုင်လောက် အကွာက ၀မ်ပေါင် ရုံးထိ ချီတက် ဆန္ဒ ပြခဲ့ကြပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်း စုကြည်က တုံရွာကို လာရောက်ပြီး အစီရင် ခံစာပါ အချက်တွေကို ရှင်းပြခဲ့ ပါတယ်။ ဒေသခံတွေ အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ပြနိုင်ကြောင်းနဲ့ ဆန္ဒပြဖို့ ခွင့်တောင်းဖို့ ပြောဆို ခဲ့သလို အာဏာပိုင်တွေ ကလည်း ဆန္ဒပြခွင့်တောင်းရင် ပေးမယ်လို့ သူ့ကို ကတိပြု ထားကြောင်း ရှင်းပြ ခဲ့ပါတယ်။ 

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်