Friday, March 15, 2013

Facebook ပေါ်က ဝေဖန် မှု များစွာနှင့် ဓါတ်ပုံအား သင်ဇာဝင့်ကျော် ရှင်းပြီ

Posted by drmyochit Friday, March 15, 2013, under , | 1 comment


 မကြာသေး ခင်က  Facebook ရဲ့ စာမျက်နှာ ထက်ကို သင်ဇာ ၀င့်ကျော်ရဲ့ ဓါတ်ပုံ တစ်ပုံ တက်ရောက် လို့ လာခဲ့ ပါတယ်။ အဲဒီ ဓါတ်ပုံ ထဲမှာ သင်ဇာ ၀င့်ကျော်ရဲ့ လွတ်လပ်ပေါ့ ပါးတဲ့ ၀တ်စား ဆင်ယင်မှု တစ်ခုကို မြင်တွေ့ ခဲ့ရတဲ့ အပြင် ဓါတ်ပုံရဲ့ ဘေးမှာ ရှိတဲ့ လူငယ်လေးက ဘယ်သူ ဘယ်ဝါ ဖြစ်မလဲ ဆိုတာက လည်း စိတ်ဝင်စား စရာ ဖြစ်ခဲ့တာ အမှန် ပါပဲ။ အချို့သော ပရိသတ်တွေ က အဲဒါဟာ သင်ဇာ ၀င့်ကျော်ရဲ့ မောင်လေး ဖြစ်နိုင် တယ်လို့ သုံးသပ် ကြသ လို တချို့ ကလည်း မဟုတ်နိုင် ဘူးလို့ ပြတ်ပြတ်
သား သား ငြင်းဆို ခဲ့ကြ ပါတယ်။

ကမ်းခြေနဲ့ ပတ်သက် လို့လည်း ချောင်းသာ လို့တစ် မျိုး၊ ငွေဆောင် လို့ တစ်ဖုံ မှတ်ချက် ပေးတာတွေဟာ တကယ့် အများ အပြား ပါပဲ။  အခုတော့ အဲဒါနဲ့ ပက်သက်ပြီး သင်ဇာ ၀င့်ကျော် က  ရှင်းလင်းချက် တစ်ရပ် ပေးလိုက် ပါပြီ။ “အဲဒါ လွန်ခဲ့တဲ့ တစ် လလောက်က ချောင်း သာကို သင်ဇာ တို့ မိသား စုတွေ အပန်းဖြေ သွားရင်းနဲ့ သဲဖြူ ကျွန်းမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံပါ။ သူငယ်ချင်း တစ်ယောက် တင်လိုက် တာလို့ ပြောပါတယ်။ ပြီးတော့ သင်ဇာ ၀င့်ကျော် ဘေးနား က ကောင်လေး က မောင်လေး အရင်းပါပဲ။ မိသားစုနဲ့ အတူ တခြား သူငယ် ချင်းတွေ လည်း ပါခဲ့ပါသေး တယ်။ အဲဒီ တုန်းက ရေကူး တာ ဆိုတော့ စွပ်ကျယ် ထပ်ပြီး ၀တ်တာ မျိုးလည်း မရှိဘူးလေ။ ဘယ်သူမှ လည်း အဲဒီလို မ၀တ် ကြပါဘူး။ Two Pieces နဲ့ ဆိုတော့ အဲဒါ ကို အမြင် စောင်းကြတယ် တူပါရဲ့။ 

သင်ဇာက မလိမ်တတ်ပါဘူး။ အမြဲတမ်း အမှန်အတိုင်း ပွင့်ပွင့် လင်းလင်း ပြော ပါတယ်။ ရေကူးတယ် ဆိုတော့ Relax ဖြစ်တဲ့ ၀တ်စုံလေး ကို ၀တ်ခဲ့ တာပါ။” ဟု ပြောလာတာက Facebook ပေါ်က ဓါတ်ပုံ အတွင် သင်ဇာဝင့်ကျော်ရဲ့ ဖြေရှင်း ချက်ပါပဲ။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ဆိုတာ ကတော့ ကာယကံ ရှင်သာ အသိဆုံး ဖြစ်ပါ လိမ့်မည် ထင်ပါသည်။ မင်းသမီး သင်ဇာဝင့်ကျော်ဟာ Facebook စာမျက်နှာနဲ့ sexy model ဆိုဒ်များတွင် သူမ၏ မရှုမ လှ မပေါ် တပေါ် မလုံတလုံ ၀တ်စား ဆင်ယင်မှု ဓါတ်ပုံ များ အပျံ့လွင့်ဆုံး မင်းသမီး ထဲမှာ တစ်ယောက် အပါ အ၀င်ဟု ပြော ရင်လည်း မမှားနိုင် ပါဘူး……………


1 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်