Friday, March 15, 2013

နိုင်ငံဝန်ထမ်းများ အားလုံး လစာ ကျပ်နှစ်သောင်းတိုးမည်ဟု လွှတ်တော်တွင် အတည်ပြု

Posted by drmyochit Friday, March 15, 2013, under | No comments



နိုင်ငံဝန်ထမ်းများ အားလုံးကို ယခင်လစာငွေ အပြင် နှစ်သောင်းကျပ် တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် တွင် ပြောကြား သည်။

အစိုးရ ဌာန များတွင် တာဝန် ထမ်းဆောင်နေသော နေ့စား ဝန်ထမ်း များကို တစ်နေ့လျှင် ခုနစ်ရာကျပ် တိုးမြှင့်ပေးမည် ဖြစ်ပြီး အငြိမ်းစား ဝန်ထမ်းများ အတွက် ပင်စင်လစာ နှင့် ဆုကြေးငွေ များကိုလည်း တိုးမြှင့်ပေးရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်း ဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်