Friday, March 15, 2013

နှိပ်စက်ခံရသော ကရင် မိန်းကလေး ဆေးရုံစတက်

Posted by drmyochit Friday, March 15, 2013, under | No comments



ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ် ခရိုင် ထဲမှာ အလုပ်ရှင် လင်မ ယားက ရေနွေး ပူလောင်း နှိပ်စက်လို့ အကြီး အကျယ် ဒဏ်ရာ ရခဲ့ တဲ့ ကရင် မိန်းကလေး နောင့်အဲဟာ မနေ့ကမနက်က ဘန်ကောက်ကို  ဆေးရုံတက် ကုသဖို့ ထွက်ခွာ သွားပြီလို့ ကမ်ဖိုင်ဖစ် မြို့မ ရဲစခန်း ဒုညွှန် ကြားရေး မှူး ဒုရဲမှူးကြီး နေရ့ ဖွန်းနိုင်က ဒီဗွီဘီ က ဖော်ပြ ပါတယ်။


“မနေ့က မနက်ပဲ ဆေးကုဖို့ ဘန်ကောက် ကို ထွက် သွားပါပြီ။ ကယ်ဆယ်ရေး ဂေဟာက တာဝန် ရှိသူ တွေနဲ့ မိဘတွေပါ လိုက် သွား ပါတယ်။ နောင့်အဲက တရားရုံး ကိုတော့ နောက်ထပ် လာစရာ မလိုတော့ ဘူးလေ။ ၁၂ ရက်နေ့ ထွက်ဆို ချက်ပေးတယ်။ တရားခံ အမျိုးသမီးရဲ့ အမေ နန်းလဒါနဲ့ သူ့ကို မေးတယ်။ နှစ်ဘက်ရှေ့ နေတွေလည်း လာပါ တယ်။ ကလေးမကို နှိပ်စက်တဲ့ ထဲမှာ သူမပါ ဘူးလို့ ငြင်း ဆိုပြီး အာမခံအဆင့် ၃ နဲ့ အိမ်ပြန် သွားတယ်။ ဒါပေမယ့် သူ့သမီးနဲ့ သားမက်ကိုတော့ တရား ရုံး က အရေးယူမယ်။ ခုထိ တော့ ဖမ်းလို့ မမိ သေးဘူး။ ထိုင်းနိုင်ငံ ထဲမှာ ရှိနေ တုန်းပဲလို့ ယူဆရ ပါတယ်။” လို့ ဆိုပါ တယ်။

တကိုယ်လုံး အပူလောင် ဒဏ်ရာ တွေပြည့် နေတဲ့ နောင့်အဲကို  ရာမဓိပတိ ဆေးရုံက ကုသပေးမှာ ဖြစ်ပြီး ကုန် ကျ စရိတ် အားလုံးကို ထိုင်းဝန်ကြီးချုပ် ရုံးက တာဝန်ယူ ပေးမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် ဖေဖော်ဝါရီ ၂၀  ရက်နေ့ ကလည်း ရာမဓိပတိ ဆေးရုံ ဆရာဝန် တွေက ကုသနည်းတွေ ရှာဖို့ သူ့ကို တခေါက် ချိန်းဆို စစ်ဆေး ခဲ့တယ်။ ဘယ်ဘက် ချိုင်းကြားနဲ့ ကပ်နေတဲ့ လက်မောင်းကို လှုပ်ရှား နိုင်အောင် အရင်ဆုံး ခွဲစိပ် ကုသပေးမှာဖြစ်ပြီး ပျက်စီး နေတဲ့ အရေပြားကိုတော့  ပလပ်စတစ် ဆာဂျရီ နည်းနဲ့ ကုသ မယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒဏ်ရာ အားလုံး ပျောက်ကင်းဖို့ အနည်းဆုံး အချိန် ၂ နှစ်ကြာမယ်လို့ ဆရာဝန် တွေက ပြောကြောင်း၊ ကလေးနဲ့ မိသားစုဂေဟာ ကယ်ဆယ်ရေး ဌာန ညွှန်ကြားရေးမှူး ခွန်ထန၀ပ် ဆထစ်က ထိုင်း သတင်း ဌာနကို  ပြောသွားပါတယ်။

မြန်မာရွှေ့ ပြောင်းအလုပ် သမားရဲ့ သမီးဖြစ်သူ  အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေး   နောင့်အဲဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ထိုင်း အလုပ်ရှင်လင်မယားရဲ့  ဖြားယောင်း သွေးဆောင် မှုကို ခံရပြီး သူ့ကို ကျွန်လို နှိပ်စက် စေခိုင်း ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှု ကျူးလွန်သူ ထိုင်းလင်မယား ၂ ဦးဟာ လောလောဆယ် အာမခံငွေ ဘတ် ၇ သိန်း အဆုံးခံပြီး ထွက်ပြေး နေတာ ဖြစ်ပါတယ်။  သူတို့ ၂ ဦးကို ဖမ်းမိ နိုင်သူနဲ့ သတင်းပေး နိုင်သူကို ဘတ်ငွေ ၁ သိန်း ပေးမယ်လို့ အမှတ် ၆ တိုင်း ဒေသ ရဲဌာနချုပ်က ဆုငွေ ထုတ်ထား ပါတယ်။

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်