Tuesday, June 11, 2013

လက်ပံတောင်းစီမံကိန်း ဆန်ကျင်ဆန္ဒပြသူများကို နိုင်ကျဉ်းစာရင်းတွင် သွင်းမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments


လက်ပန်းတောင်းတောင် ဒေသခံ လယ်သမားများ ဆန္ဒပြစဉ်

 နိုင်ငံရေးနှင့် ဆက်စပ်ပြီး ထောင်ကျပါက မည်သည့်ပုဒ်မနှင့်ကျသည်ဖြစ်စေ စီစစ်သွား မည်ဖြစ်ပြီး လက်ပံတောင်းေ ကြးနီ စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြရာမှ ပြစ်ဒဏ်ချခံရသူများကို နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ထည့်သွင်းဖော်ပြမည်ဟု နိုင်ငံရေး အကျဉ်းသား ပြန်လည်စီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးညိုထွန်း က ပြောသည်။

”ကျွန်တော်တို့ စီစစ်ထားတဲ့ ၁၅ဝ ဝန်းကျင်ကိုလာမယ့် တနင်္လာ၊ အင်္ဂါနေ့ကျရင် အတွင်းရေးမှူးရုံးကို ပို့လိုက်ပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေက များတယ်ဗျ။ အခု နောက်ဆုံးတိုးတာက လက်ပံတောင်း ကိစ္စမှာ ပုဒ်မ ၁၈ နဲ့ကျတဲ့ ကိုမြင့်အောင်တို့ အုပ်စုပဲ၊ လက်ပံတောင်းကိစ္စနဲ့ကျတဲ့ တခြားလူတွေလည်းပါပါတယ်” ဟု ကိုညိုထွန်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား စာရင်းကို အခြားအဖွဲ့များက အရေအတွက်မည်မျှ တင်ပြမည်ကို မသိရှိရသေး သော်လည်းကော်မတီအနေဖြင့် လွှတ်ပေးနိုင်ခွင့်မရှိဘဲ၊ စီစစ်ပိုင်ခွင့်သာရှိကြောင်းလည်း သူက ပြောသည်။

”နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ်) တွေကကျတော့ နိုင်ငံရေးသမားမဟုတ်ဘူး။ သို့သော်နိုင်ငံရေးအငြိုးနဲ့ ချထားတာဖြစ်တယ်။ ကန့်လည်း မကန့်ကွက်ဘူး။ ထောက်လည်း မထောက်ခံဘူး။ သမ္မတ သဘောပါ” ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က နိုင်ငံရေးအကျဉ်းသား ၂ဝဝ နီးပါးရှိနိုင်သည်ဟု သုံးသပ်ထားပြီး
မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့၊ တရားစွဲဆိုရေးအဖွဲ့ကသာသိနိုင်မည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ပြောသည်။

”နိုင်ငံရေးသမားကို ရာဇဝတ်ပုဒ်မနဲ့ ထောင်ချတာလည်းရှိတယ်။ နိုင်ငံရေးသမား မဟုတ်ဘဲ တိုင်းရင်းသား နယ်ပယ်တွေမှာ တောင်ယာလယ်လုပ်ဓါးမခုတ်နဲ့ ဖမ်းခံရတဲ့ ၁၇ (၁) (မတရားအသင်းပုဒ်မ)နဲ့ ဖမ်းခံရတာ
တွေလည်း တစ်ပုံကြီး ဆွဲချက်အမျိုးမျိုး တင်ပြီး နစ်နာတဲ့သူတွေဟာလည်း ထောင်အသီးသီးမှာရှိတယ်။ စာရင်းက မငြိမ်နိုင်ဘူး” ဟု ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် သမ္မတက ဖေဖေါ်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ် မေ တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝန်ကြီးဦးစိုးသိန်းဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ံ ouse of Entertainment မှ ဦးသူရ (ဇာဂနာ)၊ NLD မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးဘိုကြည်၊နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့် စသည့်တို့ ပါဝင်သည်။

နောက်ဆုံး အကြိမ် မေလ ၁၇ ရက်လွှတ်ပေးမှုတွင် အင်းစိန်၊ တောင်ငူ၊ လားရှိုး၊ ပုသိမ်၊ မန္တလေးအိုးဘိုထောင်၊ သာယာဝတီ ထောင်များမှ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး လွှတ်မြောက်ခဲ့ကြသည်။

နေမျိုး
မဇ္စျိမသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်