Tuesday, June 11, 2013

ဆင်းမ်ကတ် ဈေးနှုန်းထပ်ချ ပေးဦးမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments

တယ်လီကွန်း အော်ပရေတာ အဖြစ် စတင်လုပ် ကိုင်ပါက ကျေးလက်နေ ပြည်သူ များပါ ဝယ်ယူ အ သုံးပြု နိုင်ရန် အတွက် ဖုန်း ဆင်းမ်ကတ် များကို လက်ရှိ ဖုန်းဈေးထက် အနိမ့် ဆုံး ဈေးနှုန်းဖြင့် ရောင်းချ မည်ဖြစ် ကြောင်း အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီ အဖြစ် ပြင်ဆင်ဖွဲ့ စည်း လိုက်သည့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ လီမိတက် မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း က ပြောကြားလိုက်သည်။

တယ်လီကွန်း အော်ပရေတာ အဖြစ် မကြာမီ လုပ်ကိုင်တော့မည့် ရတနာပုံ တယ်လီပို့ အနေဖြင့် မြို့ပြနေ လူတန်းစား သာမက ကျေးလက်နေ ပြည်သူများပါ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆက်သွယ်ရေး အတွက် လိုအပ်သည့် အခြေခံ အဆောက် အအုံ များကို တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။

''နိုင်ငံခြား ကုမ္ပဏီ နှစ်ခုကလဲ အော်ပရေတာ အဖြစ်ဝင် လာတော့မယ်။ ကျွန်တော်တို့ ပြည်တွင်း ကုမ္ပဏီ တွေနဲ့ ပြိုင်ရ တော့မှာပါ။ ကျွန်တော်တို့ အနေနဲ့လဲ နောက်ကျ ကျန်ခဲ့လို့ မဖြစ် ပါဘူး။ တယ်လီကွန်း အော်ပရေတာ အဖြစ် စလုပ်ပြီ ဆိုတာနဲ့ မိုဘိုင်းဖုန်း ကဏ္ဍကို အရင် လုပ်မှာပါ။ မြို့ရော၊ ကျေး လက်မှာပါ ဈေးနှုန်း အနိမ့် ဆုံးနဲ့ ဆင်းမ်ကတ် တွေကို ရောင်း မှာပါ။ အချိန် တစ်ခုပဲ ခဏစောင့် ရမှာပါ''ဟု ဦးတင်ဝင်းက ပြောသည်။ ယခု လအတွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ များမှ တယ်လီကွန်း အော်ပရေတာ နှစ်ခု ရွေးချယ်မည် ဖြစ် သည်။


ဖူးပွင့်သော်
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်