Saturday, December 15, 2012

မြန်မာ့အလင်းသတင်းစာအား ရောဂါအခြေအနေ ဆိုးဝါး နေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များပြစ်တင်ဝေဖန်

Posted by drmyochit Saturday, December 15, 2012, under | No comments


လက်ပံတောင်းတောင် အကြမ်းဖက် မှုတွင် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ဦးတိက္ခ ဥာဏ၏ ရောဂါ အခြေ အနေမှာ ဆိုးဝါးခြင်း မရှိဟု မြန်မာ့အလင်း သတင်းစာမှ ရေးသား လိုက်ခြင်း အပေါ် ဦးတိက္ခ ဥာဏ၏ သားအငယ် ဆရာဝန် တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော် များက ပြစ်တင် ဝေဖန် လိုက်သည်။

ယနေ့ထုတ် မြန်မာ့ အလင်း သတင်း စာတွင် ဦးတိက္ခ ဥာဏ၏ ရောဂါ အခြေ အနေမှာ ဆိုးရွားခြင်း မရှိဘဲ ၄င်း၏ ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆင်းသွား ခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက် အခဲ ရှိသည့် အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ တစ်သန်း ကြိုတင် ပေးပို့ထားကြောင်း သိရသည် ဟု ဖော်ပြ ထားသည်။

“သတင်းစာက ဒီလိုရေးတာတော့ မဖြစ်သင့်ဘူးဗျ၊ဆေးရုံလက်မှတ်က ကိုယ့်ဆန္ဒ အလျောက် ဆင်းတယ် ဆိုပေမယ့်၊ သေချာသလောက်တော့ အသက်အန္တရယ်ရှိတယ်၊အမှန်အတိုင်းရေးသင့်တယ်” ဟု ကိုနေသုခ ကမြန်မာ့ခေတ်သို့ ပြောကြားသည်။

ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေနှင့်ပက်သက်၍ ၄င်းက “ ၄၅ ရာခိုင်နှုန်း ခန္တာကိုယ်မီးလောင်တာ၊ မြန်မာနိုင်ငံမှာ များသောအားဖြင့် ဒီအခြေအနေဆို ထားလို့မရဘူး၊သေတာပဲဗျ၊ ခန္တာကိုယ်မှာက အရည်ပြား မရှိတော့ဘူး၊ရောဂါတွေဝင်မယ်၊ပြီးတော့ ဒီကဆေးရုံဆေးခန်းတွေက ရောဂါဒဏ်ရာကို မထိမ်း
ချုပ်နိုင်ဘူး၊ မီးလောင်ဒဏ်ရာတင်မကဘူး၊အသားတွေပါ စားထားတော့ ဟိုမှာပြန်ပြီး အသားအစားထိုး ကုသရတာတွေ လုပ်ရမယ်”ဟု ပြောကြားခဲ့သည်။

ဦးတိက္ခဥာဏသည် မုံရွာမြို့၊ မင်းတိုင်ပင်မြို့နယ်၊ သန္တီရွာ တောရကျောင်းတိုက်မှ သက်တော်(၆၄) ရှိပြီဖြစ်သော် သံဃာတော်ကြီးဖြစ်ပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်တစ်ဦးဖြစ်သည်။

“အခုလက်ရှိတော့မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲလားတော့မသိဘူး၊ဒါပေမယ့် အရင်ကတော့ အဲဒီမှာပဲ၊ခြေထောက် ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင်ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်း အခြေ အနေ မကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနု ပါပေါ်နေပြီ” ဟု ကိုနေသုခက ၄င်းကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက “အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့ အနေနဲ့ မထူးဆန်းတော့ပါဘူး၊သံဃာတွေ ဆေးရုံမှာကြာနေလို့ ကျောတွေအရိုးဆွေးပြီး မှောက်နေ ရတယ်၊ အခုလိုသတင်းစာကဖော်ပြလိုက်တာဟာ တရားဝင်ကြီးလိမ်လိုက်တာ ၊နောက်တစ်ချက် ငွေကြေးပြ သနာဆိုရင် ဦးဇင်းတို့မှာ ကူညီမဲ့သူတွေရှိတယ်၊အလုံအလောက်ရှိတယ်၊ပြီးတော့ အစိုးရက လည်း ဘက်တစ်သန်း လှူရတယ်ဆိုပြီး မျက်နှာကောင်းရအောင် လုပ်တယ်၊ဒါတွေအားလုံး တရားဝင် လိမ်နေ တာပဲ” ဟု ပြော ကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာတော် ၇၂ ပါး ရှိကြောင်းသိရပြီး မန္တလေးမြို့ရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှု ခံယူနေသော သံဃာတော် အများစုမှာ ရောဂါ အခြေ အနေ ဆိုးရွားလျက် ရှိကြောင်း ထပ်မံပြောကြား ခဲ့သည်။

စူးရှ
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်