Saturday, December 15, 2012

တောင်တွင်းကြီးမြို့ ရွှေညောင်ပင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Posted by drmyochit Saturday, December 15, 2012, under | No comments


 မကွေး တိုင်းဒေသကြီးမကွေး ခရိုင် တောင်တွင်းကြီးမြို့နယ် ကျွဲကန်အုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ (၁၂)ရက်နေ့ ည(၁၀း၃၀)အချိန် ခန့်တွင် ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ ၎င်း၏ရွာတွင် အမျိုး သမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ဆတ်သွားရဲစခန်းသို့ဖုန်းဖြင့်သတင်း ပေးပို့ချက် အရ အခင်းဖြစ်
အရပ်သို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ် ဆေးရာရွှေညောင်ပင်ကျေးရွာနေ  မစုစုလှိုင် (၃၀)နှစ် သည် ၎င်း၏ နေအိမ်အနောက်ဘက်မီးဖို ချောင်အ၀င်ဝလေးပတ်လည် ဆင့်တန်းတွင် အရှည် (၆)ပေ (၁)လက် မခန့် လုံးပတ်(၁)မတ်လုံး ခန့်ရှိ ပီနံကြိုးနွားတံပိုးကြိုးနှင့် လည်ပင်းအားစွပ်လျက်ခြေ ထောက် မှာ မြေကြီး နှင့်ထိ ဒူးကွေး လျက် မြောက်ဘက်သို့မျက်နှာမူကာ ဦးခေါင်းမှာဝဲဘက်ပုခုံးပေါ်သို့ စောင်း လျက် အနေ အထား၊ သွားရည် များစီးကျလျှာထွက်လျက် ၀ဲ/ ယာလက်ချောင်းများ ကွေးလျက်၊ သေဆုံးနေ သည်ကို စစ်ဆေးတွေ့ ရှိရပြီး ပြင်ပဒဏ်ရာတွေ့ရှိရခြင်း မရှိသဖြင့် ဓမ္မတာအတိုင်းသေ ဆုံးခြင်းဟုတ်/ မဟုတ်စစ်ဆေး ဆောင်ရွက်နိုင်ရန် ဆတ်သွားရဲစခန်းမှသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၂ အမှုရေးဖွင့်၍ အမှုစစ်ရဲ အုပ်စခန်းမှူးထွန်းထွန်းအောင်မှ ဆက်လက်စုံစမ်းစစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်