Saturday, December 15, 2012

လီဖန်းအမျိုးအစားသုံးဘီးဆိုင်ကယ်..ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် ယာဉ်ပေါ်ပါခရီးသည် ၆ ဦးဒဏ်ရာများရရှိ

Posted by drmyochit Saturday, December 15, 2012, under | No comments


မကွေး တိုင်းဒေ သကြီး မကွေး ခရိုင်တောင် တွင်းကြီးမြို့နယ် တောင်တွင်း- မကွေးလမ်း ကွမ်းခြံ စုလမ်းခွဲတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ သည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား နေကြောင်း သတင်းအရရဲတပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေးရာ ကုက်္ကိုခွ အရှေ့စုကျေးရွာနေ ၀င်းလှိုင်သည် နံပါတ်မပါ လီဖန်းအနီရောင် သုံးဘီး ဆိုင်ကယ် အား တောင်တွင်းကြီးမကွေး လမ်းမကြီး အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင် လာရာ၊ မိုင်တိုင် အမှတ် ၂၈၂/၇ နှင့် ကွမ်းခြံစု လမ်းခွဲသို့ အရောက် လမ်း၏တောင် ဘက်ဘေးရှိ ရေမြောင်း အတွင်းသို့ ယာဉ်ထိုးကျ တိမ်းမှောက်၍ယာဉ်ပေါ်လိုက်ပါသူ မစိုးသက်မွန်၏၀ဲဘက်မျက်လုံး အထက်နှုတ် ခမ်းတို့ တွင် ပေါက်ပြဲ ဒဏ်ရာတစ်ချက်စီယာလက် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ တစ်ချက်စီ၊ ၀ဲလက်မောင်း နာကျင် ဒဏ်ရာရရှိပြီး မအိသက်၏ မေးစေ့ဝဲဘက်ခြမ်းညိုမဲဒဏ်ရာ တစ်ချက်၊ ၀ဲလက်မောင်း နာကျင် ဒဏ်ရာ တစ်ချက်၊ ဒေါ်ဝိုင်းကြည် ၏ ယာနားရွက်ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်း နာကျင် ဒဏ်ရာ၊ဒေါ်စိန်လှ၏ ယာပါးရိုးပေါ် ပေါက်ပြဲဒဏ်ရာတစ်ချက်၊၀ဲလက် မောင်းညိုမဲဒဏ်ရာတစ်ချက်၊ မကြူကြူ၏ ကျောပြင်နှင့် ၀ဲဘက် လက်ကောက်ဝတ်တွင် နာကျင် ဒဏ်ရာတစ်ချက်စီ၊ မသန်းဌေး၏ ဦးခေါင်းထိပ် တွင်ဖုယောင်နာကျင် ဒဏ်ရာတစ်ချက်၊ ညာခြေကျင်း ၀တ်အထက်ပွန်းခြစ်ဒဏ်ရာ တစ်ချက် စီ၊ ဒဏ်ရာအသီးသီး ရရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဆို၏။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၀င်းလှိုင်အားဥပဒေ နှင့် အညီအရေးယူပေးပါရန် ဒုရဲအုပ်အောင်ခိုင်စိုးမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့်တောင်တွင်း ကြီး ရဲစခန်းမှ (ပ)၃၀၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရအမှု ဖွင့်အရေးယူထားပြီး၊ အမှုစစ် ဒုရဲအုပ်အောင်ခိုင်စိုးကဆက်လက် စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

Hot News weekly 

ဟင်္သာ(တောင်တွင်းကြီး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်