Saturday, December 15, 2012

ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ဒါးကမြို့ရွှေပါရမီ ဖောင်ဒေးရှင်းမှမျက်စိဝေဒနာရှင်များအတွက်အခမဲ့ကူသ ပေးလျှက်ရှိပြီး၊စာရင်းပေးသွားနှိုင်

Posted by drmyochit Saturday, December 15, 2012, under | No comments


ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ၊ဒါးကမြို့ ကိုးန၀င်း ကျောင်းတိုက်တွင် ပထမ အကြိမ် မြောက် ကျန်းမာရေး အလှူတော် အဖြစ် ရွှေပါရမီ ဖောင်ဒေးရှင်းမှ မျက်စိ ဝေဒနာရှင် များအတွက် 15 .12.2012 နေ့တွင် အခမဲ့စတင် လာရောက်စမ်းသပ်ကုသပေးနေကြောင်း သတင်းရရှိပါသည်။


 မျက်မှန်တပ်ရုံလောက်နှင့် အဆင်ပြေသော သူများကို မျက်မှန်တပ်ပေး၍ ခွဲစိတ်  ကုသရမည့် လူနာ များအား 28.29.30.ရက်များတွင် ခွဲစိတ် ကုပေးသွား မည်ကြောင်းရွှေပါရမီ ဖောင်ဒေးရှင်းမှ ပြောသည်။

ခွဲစိတ်ရန်လိုအပ်သော လူနာများအား 28.29.30 ရက်များတွင် ဒါးကမြို့ အ.ထ.က ကျောင်းတွင် ခွဲစိတ် ကု သပေး မည်ဖြစ်ကြောင်း 14.12.2012တွင် မျက်စိဝေဒနာရှင် အယောက် 400 ခန့်အားကုသပေးပြီး 16.22.23 ရက်များ တွင် ကျန်ရှိ နေသေးသော မျက်စိ ဝေဒနာရှင်  များအားဆက်လက် ကုသပေး သွားမည်ဖြစ်ကြောင်း လည်းသိရသည်။

 အကယ်၍ အဆိုပါ ကုသမှုမပြီးဆုံးပါက လိုအပ်သော လူနာများအားသင့်တော်သည့်  ဆေးရုံ ၊ ဆေးခန်း များသို့  ရွှေပါရမီ ဖောင်ဒေး ရှင်းမှ အကုန်အကျခံကာ လွှဲပြောင်းကုသပေး မည်ဖြစ်ကြောင့် ၄င်းက ပြောသည်။

စတင်ကုသသည်ရက်မှာ ၁၅.၁၂.၂၀၁၂ မှ ၁၆.၁၂.၂၀၁၂ ရက် ဒုတိယ အဖြတ် ၂၂ ၊၂၃ .၁၂.၂၀၁၂ ကျန်ခွဲ စိတ်ခြင်းနှင့် အထွေထွေ ကုသခြင်းများအား ၂၈.၂၉.၃၀.၁၂.၂၀၁၂ ရက်များ အထိ အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရွှေပါရမီ ဖောင်ဒေးရှင်းသို့ မျက်စိဝေဒနာရှင်များဆက်သွယ်စာရင်းပေးသွင်းနှိုင်ကြောင့် ရွှေပါရမီ ဖောင်ဒေးရှင်းမှပြောပါတယ်။

 ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ် 098552531 ဦးအောင်သူ
 (ဆေးပစ္စည်းနှင့် အလှကုန်)စတိုး ဦးနေ၀င်း ဒါးကမြို့ (ဟိန်းရေခဲစက်)
 098572015

ရွှေမြန်မာမီဒီယာဂရု မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်