Saturday, December 15, 2012

အက်ဆစ်ထိမိပြီးကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား မည်သူနှင့်မျှ တွေ့ဆုံခွင့်ပြုမထား

Posted by drmyochit Saturday, December 15, 2012, under | No comments


လက်ပံ တောင်းတောင် နယ်မြေ ဒေသအတွင်း အက်ဆစ် ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယ ရှိသည့် ကလေးငယ် လေးဦးအား  ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန် ချက်ကို ဒီဇင် ဘာလ ၁၄ ရက် နေ့က နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် ထုတ် ပြန်ခဲ့သည်။

 
အဆိုပါ သတင်းထုတ်ပြန်ချက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် ကလေး ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အဆိုပါ ကလေးငယ်များထံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ရက်အကြာတွင် ထိုသို့ ထုတ်ပြန် ခဲ့ခြင်း လည်းဖြစ် သည်။

သတင်း ထုတ်ပြန် ချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုဖြင့် အက်ဆစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန် ကလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်များသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ကလေးငယ်များအား ကျန်းမာ ရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မယွန်းဝတီ(၁နှစ်၁၀လ)၊ မောင်ကောင်း ထက်ဇော်(၈နှစ်)၊ မစန်းယုမော်(၂နှစ်၎လ)တို့မှာ သူငယ်နာအကြောနှင့် ကြွက်သားအားနည်းရောဂါများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ မဇင်မာဆွေ(၁၆နှစ်)မှာ လွန်ခဲ့သည့် ငါးနှစ်က ဦးနှောက်အကျိတ်ခွဲစိတ်ခဲ့ပြီး မျက်စိတ ဖြည်းဖြည်းမှုန်၍ လုံးဝကွယ်သွားခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်အားလုံးမှာ ''အက်ဆစ် ကြောင့်ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း'' သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကလေးငယ်များနှင့်ပတ်သက်၍ ''သတင်းထုတ်ပြန်တာတောင်မှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာ မဟုတ်ဘူး။ သတင်းထုတ်ပြန်ရေးအဖွဲ့က တိုက်ရိုက်ထုတ်ပြန်တာ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတင်း ထုတ်ပြန်ခွင့် မရှိဘူး။  အ ထူးသဖြင့် ကလေးတွေကို ဘယ်သူနဲ့မှ ပေးမတွေ့ပါနဲ့လို့ မှာထားတာရှိပါတယ်။

ဒါတိကျသော ညွှန်ကြားချက်ပဲ။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးက ညွှန်ကြားထားတာ''ဟု ရန်ကုန် ကလေး ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။


Eleven Media Group

 ရန်ကုန် ကလေး ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် ကလေးငယ် များအား ဒီဇင် ဘာလ၁၂ရက်နေ့က ဒေါ်အောင် ဆန်းစုကြည် သွားရောက် ကြည့်ရှု နေစဉ် ဓါတ်ပုံ - Sunny

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်