Saturday, December 15, 2012

မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက် မီးလောင်မူဖြစ်ပွား၊ ကျပ်သိန်း ၄၀ ဖိုးခန့် ဆုံးရှူံး

Posted by drmyochit Saturday, December 15, 2012, under | No comments



မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊ မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန် လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင်
ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန် ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းရွှေမြန်မာမီဒီဂရုမှသတင်းရရှိသည်။


အဆိုပါမီးလောင်းမူသည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ် ကန်ထဲသို့ ကျခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မွန်လွှဲ ၂ နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အုန်းဆီ ပီပါ ၄၀ လုံး 10HP မော်တာ ၂ လုံး၊ ၃၀ ပေx ၈၀ ပေ သွပ်မိုး၊ ၀ါးကပ်ကာ၊ ကွန်က ရိခင်း အဆောက် အဦ တစ်လုံး မီးလောင်ကျွမ်း ခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း (၄၀)ဖိုးခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ထိုနေ့ မနက်ပိုင်း တွင်လည်း အဆိုပါ ရပ်ကွက် ၅ လမ်းတွင် ၀ါယာရှော့ကြောင့် နေအိမ်တစ်ခြမ်း မီးလောင်ခဲ့ရကြောင်းသိရသည်။

 ရပ်ကွက်နေလူထု၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးသတ်ကားမလာမီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရွှေမြန်မာ မီဒီယာ သတင်းထောက် မင်းနန္ဒာ ကျော်မှာ သတင်းပို့ ပေးပါသည်။



(မင်းနန္ဒကျော်)
ရွှေမြန်မာမီဒီယာဂရု မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်