Saturday, December 15, 2012

လိုင်ဇာကို စစ်ဆင်သော အစိုးရ စစ်ကြောင်း KIA ၏ ချေမှုန်းခြင်း ခံရ

Posted by drmyochit Saturday, December 15, 2012, under | No comments


လိုင်ဇာမြို့ အနီးရှိ လဂျာယန်းသို့ ထိုးစစ်ဆင်လာသော အစိုးရ စစ်ကြောင်းကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း တပ်ဖွဲ့ တို့၏ ၀ိုင်းဝန်း ချေမှုန်း ခြင်းကို ခံခဲ့ရ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။ 

“တိုက်ပွဲ ကတော့ မနက်က တည်းက ဖြစ်ပြီးတော့ ညနေ (၆) နာရီ လောက်မှာ ရပ်သွားတယ်။ တနေ့လုံး ဖြစ်ခဲ့တယ်။ သူတို့ ဖက်ကတော့ ရဟတ်ယာဉ် တွေနဲ့ ပစ်ကူ ပေးခဲ့ ရတယ်လေ” ဟု ဦးလနန်မှ ဆိုပါသည်။

အစိုးရ ခမရ (၃၈၈) နှင့် (၃၈၃) တပ်ဖွဲ့ တို့သည် အင်အား(၂၀၀) ဖြင့် လိုင်ဇာမြို့ကို လှမ်းမြင် နေရသည့် လဂျာယမ်း ဘုန်းကြီးကျောင်း အထိ စစ်ဆင် လာခဲ့ ပါသည်။ ထိုစစ်ကြောင်းကို KIA တပ်ဖွဲ့နှင့် ABSDF တို့က ၀ိုင်းဝန်း ပိတ်ဆို့ ပြီးချေမှုန်း ခဲ့ခြင်း ဖြစ်ပါသည်။ အထိအခိုက် အကျအဆုံး များသဖြင့် ရဟတ်ယာဉ် (၃) စင်း၏ လေကြောင်း ပစ်ကူနှင့် မနက်ပိုင်း တွင် တကြိမ်နှင့် နေ့လည်ပိုင်း၌ တကြိမ် နှစ်ကြိမ်တိုင် ဒုံးကျည် များဖြင့် ပစ်ကူ ပေးခဲ့သည်ဟု KIA စစ်ရုံးမှ အရာရှိ တဦးက ဆိုပါသည်။ 

ထို့အပြင် KIA ၏ ပစ်ခတ် မှုကြောင့် ရဟတ်ယာဉ် တစင်း ထိမှန် ခဲ့ရာ မီးခိုးလုံးများ ထွက်ပြီး ဆုတ်ခွာ သွားရာမှ ပြန်မလာ တော့ကြောင်း ဆိုပါသည်။ 

ထိခိုက်မှု များနေသော အစိုးရ တပ်ဖွဲ့ များသည် လောလောဆယ် ဆုတ်ခွာ နိုင်လိမ့်မည် မဟုတ်ကြောင်း၊ စစ်ကူများ ထပ်မံ ရောက်လာဖွယ် ရှိနေကြောင်းနှင့် မနက်ဖြန် ၌လည်း ရဟတ်ယာဉ် များဖြင့် လူနာများ သယ်ထုတ်ဖွယ် ရှိနေ သည်ဟု KIA ဖက်မှ ယူဆ နေပါသည်။ 

အစိုးရ တပ်ဖွဲ့များ ဤကဲ့သို့ ချေမှုန်း ခံရခြင်းမှာ ၄င်းတို့သည် KIA ဆင်ထားသည့် တိုက်ကွက်ထဲ ကျွှံဝင် သွားသဖြင့် ချေမှုန်း ခံရခြင်း ဖြစ်ဖွယ် ရှိပြီး ကျဆုံး ဒဏ်ရာ များမှုကြောင့် ငြိမ်ဝပ် နေရဖွယ် ရှိကြောင်း စစ်ရေး အကဲခတ် များက ဆိုပါသည်။ 


အခမ်း အနား တခု၌ တွေ့ရသော KIA တပ်ဖွဲ့များ (ဓါတ်ပုံ KIA)ထို့အပြင် စစ်ကူများ မရောက် မချင်း အစိုးရ တပ်ဖွဲ့ များသည် ဤနေရာမှ ဆုတ်ခွာ နိုင်လိမ့်မည် မဟုတ်ပေ။ KIA ကလည်း ဤအခြေ အနေကို အခွင့်ကောင်း ယူပြီး ထပ်မံ ချေမှုန်းဖွယ် ရှိကြောင်း စစ်ရေး လေ့လာသူ များက ဆိုပါသည်။ 

အလားတူ ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပန်ဝါ မြို့နယ် ၌လည်း KIA လက်ထဲ ကျသွားသည့် စခန်းကို ပြန်ရရန် အစိုးရ တပ်ဖွဲ့က တနေ့လုံး ပြင်းပြင်းထန်ထန် စစ်ဆင် နေသည်ဟု ဆိုပါသည်။ ဤတိုက်ပွဲ ၌လည်း အစိုးရ ဖက်မှ ထိခိုက်မှု များဖွယ်ရှိ ပါသည်။


ယခု ကဲ့သို့ တိုက်စွမ်းရည် ကျနေ ခြင်းသည် အစိုးရ တပ်ဖွဲ့ များတွင် အသက်အရွယ် ငယ်ပြီး လူသစ် များခြင်း၊ စစ်ရေး အတွေ့ အကြုံ နည်းပါးလာပြီး စည်းလုံး ညီညွတ်မှုနှင့် အမိန့် နာခံမှု လျှော့ရဲ လာခြင်းကြောင့် ဖြစ်သည်ဟု စစ်ရေး လေ့လာသူ များက ဆိုပါသည်။

ရွှေဟဿင်္ာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်