Saturday, December 15, 2012

ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောကြားမည့် နေရာတွင် အသေးစား ပေါက်ကွဲမူ တစ်ခုဖြစ်ပွား။ အဖွဲ့ချုပ် အမျိုးသမီး အဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

Posted by drmyochit Saturday, December 15, 2012, under | No comments


မြိတ်ခရိုင် ကျွန်းစု မြို့နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်း စုကြည်မိန့် ခွန်းပြော ကြားမည့် စင်အားသန့် ရှင်းရေး ပြုလုပ်နေစဉ် ပေါက်ကွဲမူ အသေးစား တစ်ခု မနေ့က သုံးနာရီ အချိန်တွင် ဖြစ်ပွား ခဲ့သည်။ သန့်ရှင်းရေး ပြုလုပ် နေသူများမှ ကန်မော် ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ဝင် သုံးဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ သည်။ တစ်ဦးမှာ အသက် ကြီးပိုင်း အမျိုး သမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။


 ကျန်နှစ်ဦးမှာ လူငယ်များ ဖြစ်ကြပြီး မျက်နှာတွင် ဒဏ်ရာများ ရရှိ ခဲ့သည်ဟု မြိတ်မြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်ဝင် တစ်ဦးက သတင်းပို့ခဲ့သည်။ ပေါက်ကွဲမူ ဖြစ်ပွား ခဲ့သည့် နေရာတွင် တစ်ထောင်ခန့်တွင်း တစ်ခု ဖြစ်ပေါ် ခဲ့ပြီး၊ သတ္တူများ ခဲစများ တွေ့ရှိခဲ့ ရသည်ဟု အဆိုပါအဖွဲ့ ၀င်က ပြော ဆိုသည်။

ကန်မော် ပြည်သူ့ ဆေးရုံမှ သူနာပြု ဆရာမ တစ်ဦးက ပေါက်ကွဲမူ ကြောင့်ရရှိ ခဲ့သည့် ဒဏ်ရာ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူ ဖြစ်ပွားခဲ့ သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။  ယခု အချိန်ထိ တာဝန်ရှိ သူများ အခင်း ဖြစ်ပွား ရာသို့ သွားရောက် စစ်ဆေးခြင်း မရှိသေးပါ။

ရေလမ်း ခရီးဖြင့် သွားရခြင်း ဖြစ်သဖြင့် နှောင့်နှေး နေတာ ဖြစ်နိုင်ကြောင်း မြိတ်မြို့နယ် အဖွဲ့ချုပ် လူငယ် တစ်ဦးက မှတ်ချက် ပေးခဲ့သည်။ တာဝန် ရှိသူ များသည်။ ပြည်သူ့ ဆေးရုံ သို့ရောက် ရှိနေ နိုင်ကြောင်း လည်း ၄င်းက ဗဟို ကော်မရှင် ရုံးအဖွဲ့သို့ တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

by Nld Central on Friday

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်