Saturday, December 15, 2012

အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံ

Posted by drmyochit Saturday, December 15, 2012, under | No comments



နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့ သည့် ၀န်ချတောင်းပန်သောအခမ်းအနားမှာညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုကကျေနပ်လက်ခံခဲ့ကြသည်။

အခမ်းအနားတွင် မဟာဂန္ဓာရုံကျောင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များကိုတောင်းပန်သော တောင်းပန်ချိုးကို ဆရာတော်ဝီရသူက တိုင်ပေးကာအစိုးရအဖွဲ့ဝင်များက လိုက်ဆိုကြသည်။

ကန်တော့ချိုးမှာ "အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာ သည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိ လက်ရောက် ကျူးလွန်မိပါသည်။

အရှင်ဘုရား ထိုတပည့်တော်တိုးအား သံဃာတော်သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ် အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား" ဟု၍ ဖြစ်သည်။ နိုင်ငံတော် အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်း ပန်ကြောင်း ထပ်မံလျှောက်ထားခဲ့သည်။

ထို့နောက် မုံရွာမြို့မှ ဇောတိကရာမကျောင်းထိုင်ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊ ဂဠုန်နီ ဆရာတော်ဦး က၀ိရတို့က သြ၀ါဒစကားမိန့်ကြားခဲ့သည်။

ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓု ခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓု ခေါ်ကြသည်။

အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြ မှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက 7Day News သို့ မိန့်ကြားသည်။

ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါး ကုသ မှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့ သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားသို့ ပို့ဆောင်ကု သပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

ဓာတ်ပုံ - မောင်တာ

7 Day News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်