Wednesday, November 07, 2012

ဘင်္ဂလားအတွင်းနေထိုင်သော ရခိုင်အချို့ မြန်မာပြည်ထဲသို့ ခိုလှုံမှု များပြားလာ

Posted by drmyochit Wednesday, November 07, 2012, under | No comments


ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း နေထိုင်သော ရခိုင်အချို့ မြန်မာပြည်ထဲသို့ ခိုလှုံမှု များရှိနေကြောင်းသိရသည်။ ဘင်္ဂလားတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် ရခိုင်တစ်ချို့ သည် ဝေလာတောင်၊ (နယ်မြေ-၂ ) ဘက်မှ ၀င်ရောက်လာပြီး ယခုအခါတွင် မင်းခမောင်း စံပြကျေးရွာတွင် နေထိုင်လျက်ရှိ ကြောင်းသိရသည်။ ယင်းသို့နေထိုင်ခြင်းမှာ ယာယီနေ ထိုင်ခြင်းဖြစ်သဖြင့် အစိုးရမှ နေရာချထားပေး ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်းသိရသည်။ ထွက်ပြေး ခိုလှုံလာသော မိသားစုမှာ ၈ စုဖြစ်ပြီး လူဦးရေ ၃၀ ကျော်ပါဝင်ကြောင်း လည်းသိရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ထွက်ပေါက်မပေးသော် လည်း တိတ်တဆိတ်ထွက် ပြေးလာရခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာခဲ့ ရခြင်းဖြစ်ကြောင်း လည်းသိရှိရပါသည်။
ထိုသို့ ထွက်ပြေးလာသော ရခိုင်များအား ကူညီပေးကြရန် လည်းလိုအပ်နေပြီး နေရာချထား ရေးကိုလည်း လျင်မြန်စွာပြုလုပ် သင့်ကြောင်းမောင်တော ဒေသခံ များက သုံးသပ်ပြောဆိုကြပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်