Wednesday, November 07, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Guido Westerwelle အား လက်ခံတွေ့ဆုံ

Posted by drmyochit Wednesday, November 07, 2012, under | No comments


လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံ နိုင်ငံခြားရေး ဌာနဝန်ကြီး H.E. Mr. Guido Westerwelle အား  နိုဝင်ဘာ(၅)ရက် ညနေ(၅)နာရီ (၁၅)မိနစ်တွင် ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ်  နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီး မြုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်