Wednesday, November 07, 2012

စောင့်လေမျိုးနွယ်

Posted by drmyochit Wednesday, November 07, 2012, under | No comments


မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော် လို့ခေါ်ဆို ပါတယ်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာဝင် လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေထိုင်သောသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာနေထိုင်ရပါတယ်။ ကိလေသာအများအပြားရှိနေကြတဲ့ ပုထုဇဉ်တွေအနေနဲ့ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများအတိုင်း အလုံးစုံလိုက်နာမကျင့်ကြံနိုင်တာကို ကြီးမားတဲ့ အပြစ်လို့မဆိုသာပါ။ ဒါပေမယ့် မိမိ အတွက်ကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို နိမ့်ကျစေမယ့် အဖြစ်မျိုးတွေ မလုပ်မိဖို့တော့ လူတိုင်း သတိပြုစေချင်ပါတယ်။
          သတ္တ၀ါတွေဟာ မိမိတို့ကံအတိုင်း လျှောက်လှမ်း နေကြရတာဖြစ်တဲ့ အတွက် ဘယ်သူ့ကိုမှ အပြစ် တင်စရာ အကြောင်းမရှိပါ။ ဘာသာ၊ သာသနာကို ထိခိုက် မှေးမှိန်စေမယ့် လုပ်ဆောင် ချက်တွေနဲ့ နောင် လူငယ်များ အတွက် ရှေ့ဆောင်လမ်းပြမှု အမှားတွေ မဖြစ်ရလေအောင် လိုက်နာ ကျင့်ကြံကြဖို့ ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတိုင်း သိထားရမယ့် အချက်ဖြစ်ပါတယ်။
          ကျွန်တော်တို့ဟာ မိဘတိုင်းက မွေးဖွားလိုက်တဲ့ သားသမီး တွေဖြစ်ပါတယ်။ မိဘမရှိတဲ့ သားသမီးလို့ မရှိပါဘူး။ သားသမီးမရှိတဲ့ မိဘတွေ ပဲရှိတာပါ။ သားသမီး တွေဖြစ်တဲ့ အတွက်ကြောင့် သားသမီး ကျင့်ဝတ် တွေအတိုင်း လိုက်နာ သင့်ပါတယ်။ ဘယ်လိုတွေ လိုက်နာ ကျင့်ကြံရမယ် ဆိုတာကို မြတ်စွာ ဘုရားရှင်က ဟောကြား ဆုံးမ ခဲ့ပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ တရားတွေကို နောင်လူတွေ မှတ်မိ လွယ်အောင် သင်္ဂဇာ ဆရာတော်ကြီးက အောက်ပါ အတိုင်းရေး စပ်ခဲ့ပါတယ်-
          ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
          မွေခံထိုက်စေ၊ လှူမျှဝေ၍၊
          စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
          ကျင့်ဖွယ်သားတို့တာ။
          (သင်္ဂဇာဆရာတော်ကြီး)
          ကျွန်တော်တို့ ငယ်စဉ် ကတည်းက ရွတ်ဆိုခဲ့ကြတဲ့ စာပိုဒ်လေးပါပဲ။ ငယ်စဉ်ကတော့ စာသိနဲ့ပဲ သိလာခဲ့ရတာပါ။ တကယ်တမ်း လေးလေးနက်နက် တွေးကြည့် လိုက်တဲ့ အခါမှာ ကိုယ်တိုင် လိုက်နာရ တော့မယ်ဆိုတဲ့ အသိလေးရ ခဲ့ပါတယ်။ ဒီအချိန်မှာ စောင့်လေမျိုးနွယ် ဆိုတဲ့ အချက်ကို အဓိက ရည်ရွယ် ပြီး ပြောလို ပါတယ်။
          ကျွေးမွေးမပျက် ဆိုတာက အသက်အရွယ် ကြီးရင့် သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့် တစ်ဖန် ကျွေးမွေး စောင့်ရှောက် ရမယ်လို့ ဆိုလိုပါတယ်။
          ဆောင်ရွက်စီမံ ဆိုတာက အသက် အရွယ်ကြီး သွားသော မိဘနှစ်ပါး တို့ရဲ့ ကိုယ်စား စီးပွားရေး၊ လူမှုရေး စတဲ့ ကိစ္စကြီးငယ် အသွယ်သွယ် တို့ကို သားသမီး တို့က စီမံ ဆောင်ရွက် တာဝန်ယူ ရမယ်လို့ ဆိုလိုပါတယ်။
          မွေခံထိုက်စေ ဆိုတာက မိဘတို့ရဲ့ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက်လက် ခံယူနိုင် အောင် အရည်အချင်း နှင့် ပြည့်စုံ ရမယ်လို့ ဆိုလိုပါတယ်။
          လှူမျှဝေ၍ ဆိုတာက တမလွန်ဘ၀ကို ကွယ်လွန် ပြောင်းရွှေ့ သွားကြတဲ့ မိဘတို့ကို ရည်စူးပြီး ကုသိုလ် ကောင်းမှုပြု လုပ်ကာ သတိတရ အမျှအတန်း ပေးဝေ ရမယ်လို့ ဆိုလိုပါတယ်။ ထို့ကြောင့် သေလွန်ပြီးရင် ကုသိုလ် ကောင်းမှုပြု လုပ်၍ ရေစက်ချ အမျှပေး ကြပါတယ်။
          စောင့်လေမျိုးနွယ် ဆိုတာက မိမိတို့ရဲ့မျိုးရိုးစဉ်လာ တို့ကို ထိန်းသိမ်း စောင့်ရှောက် ရမယ်လို့ ဆိုလိုပါတယ်။ ထိုထက်ပိုပြီး မိမိတို့ ဆွေမျိုး သားချင်း၊ အစဉ်အလာ၊ မျိုးရိုး ဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်း ရပါမယ်။ ယနေ့ အချိန်အခါမှာ ဒီအချက်ကို မေ့လျော့နေပြီး ထင်ရာစိုင်း နေကြတဲ့ ဖြစ်စဉ်တွေ၊ လုပ်ရပ် တွေကို ကြားသိရတဲ့ အခါ များစွာစိတ် မကောင်းဖြစ် ရပါတယ်။ ဒါတွေဟာ အခုအချိန်မှာ မသိသာပေမယ့် ကြာလာရင်တော့ ဘာသာနဲ့ လူမျိုးအတွက် စိုးရိမ်ရပါတယ်။ ``လူမှာ အမျိုး ကြက်မှာ အရိုး´´ဆိုတဲ့ ဆိုရိုးစကား အတိုင်း လူတိုင်းမှာ အမျိုး အနွယ်က အရေးကြီး ပါတယ်။
          ``မြေမျိုသော် လူမျိုးမကုန်၊ လူလူ ချင်းမျိုပါမှ လူမျိုးတုံး လိမ့်မယ်´´ဆိုတဲ့ စကားအရ မြန်မာ အမျိုးသား၊ အမျိုးသမီး များအနေဖြင့် အိမ်ထောင်ဖက်ရဲ့ မျိုးရိုးကို အထူးဂရုပြု ရွေးချယ် သင့်ပါတယ်။ ဒီအချက်ဟာ အလွန် အရေးကြီး ပါတယ်။ တချို့ လူငယ်တွေက အချစ်သည်သာ ပဓာန ဆိုတဲ့စကားကို အားကျ အဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှား သွားကြတယ်။ တချို့ကြ ပြန်တော့ မိသားစု စားဝတ် နေရေး အတွက် ရွေးချယ် လိုက်ရတယ်။ အိမ်ထောင်ဖက် ရွေးချယ်ရာမှာ ယောင်္ကျားလေး ထက် မိန်းကလေးက ပိုပြီး အရေးကြီး ပါတယ်။
          ပြည်ထောင်စု ဖွားတိုင်းရင်းသား မဟုတ်တဲ့ ဘာသာခြားနဲ့ အိမ်ထောင် ပြုမိရင် သားစဉ်မြေးဆက် ရင်သွေး တွေပါ ဘာသာခြား ဖြစ်သွား တတ်ပါတယ်။ ဒီတော့ စောင့်လေ မျိုးနွယ်ဆိုတဲ့ တာဝန် ကိုလည်း ဖျက်ဆီး လိုက်ရာ ရောက်ပါတယ်။ အချို့မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တွေဟာ ဘာသာရေး ခံယူချက်နဲ့ လူမျိုးရေး စိတ်ဓာတ် ပျော့ညံ့တဲ့ အတွက်ကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဘာသာရော လူမျိုးပါ ဆုံးရှုံး နစ်နာရပါတယ်။ မိမိတို့ အမျိုးဂုဏ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်း ရမယ်ဆိုတဲ့ လူမျိုးရေး၊ ဘာသာရေး အသိကို လူတိုင်းမှာ ရှိစေချင်ပါတယ်။
          အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ နေထိုင်မှု ပုံစံတွေဟာ ယနေ့အချိန်မှာ မြန်မာ လူမျိုး တို့ကြားမှာ နေရာယူ လာကြပါပြီ။ ဒါကို ခေတ်မီတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်တယ်လို့ ထင်တဲ့ သူက ထင်ပါလိမ့် မယ်။ ကျွန်တော်တို့ လူမျိုးက ဘာသာ၊ သာသနာကို အခြေခံပြီး ဖွဲ့စည်း ထားခြင်းဖြစ်ပါတယ်။ ခေတ်မီ တိုးတက် လာတယ်ဆိုတဲ့ လောကီ စိတ်ချမ်းသာမှု အမြင်ဟာ ရင်ထဲက ကိလေသာ နည်းသွားတဲ့ ချမ်းသာမှုနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
          အနှစ်ချုပ် ဆိုရရင် ….. ထေရ၀ါဒ မြန်မာ လူမျိုးများ အနေနဲ့ သစ္စာ တရားများ၊ စစ်မှန်သော တရား ဓမ္မများကို နာယူ ကျင့်ကြံနိုင်ဖို့ အတွက် အရင်ဆုံး မိမိတို့ ကိုယ်တိုင် ဘာသာရေး အသိ၊ လူမျိုးရေး အသိတွေပါ ရရှိစေ ချင်ပါတယ်။ ကိုယ်တိုင် ဘာသာခြား လူမျိုး တစ်ယောက်နဲ့ နေထိုင်ပြီးတော့ တကယ့် တရားစစ်ကို ကျင့်ကြံ နိုင်ဖို့ ဆိုတာ ခက်ခဲ ပါလိမ့်မယ်။ လောက အမြင်မှာလည်း ဘယ်လိုမှ လက်ခံမရ သော လုပ်ဆောင်ချက် မျိုးဖြစ် ပါလိမ့်မယ်။ ခဏတာ နေရတဲ့ အချိန်လေးမှာ စောင့်လေ မျိုးနွယ်ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်း နိုင်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အစဉ်အလာ ကိုပါ ထိန်းသိမ်း နိုင်ကြစေဖို့ အသိပေး တိုက်တွန်း လိုက်ရပါတယ်။
သက်နောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်