Thursday, May 16, 2013

မုန်တိုင်းသတင်း

Posted by drmyochit Thursday, May 16, 2013, under | No comments


ယနေ့မြန်မာ စံတော်ချိန် (၂၀း၀၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် ခဲ့သည့်ကုန်း တွင်းမုန် တိုင်းငယ်သည် အရှေ့မြောက် ဘက်သို့ဆက် လက်ရွေ့လျား လျက်လေ ဖိအားနည်းရပ်ဝန်းအဖြစ်သို့တစ်ဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းနှင့် ပတ်သက်သောလက်ရှိအခြေအနေမှာအစိမ်းရောင်အခြေအနေသို့ရောက်ရှိခဲ့ပြီး၊ရခိုင်ကမ်း
ရိုးတန်း တွင်မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားသည့်အခြေအနေဖြစ်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါသည်။မြစ်
ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါ တစ်ရံ မိုးသက် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီး နိင်ပါသည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

ယခုသတင်းသည်မဟာစင်(MAHASEN)မုန်တိုင်းအတွက်ထုတ်ပြန်ပေးသည့်နောက်ဆုံးသတင်းဖြစ်ပါသည်။

From: မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်