Thursday, May 16, 2013

အစ္စရေးလုံခြုံရေးတပ်ဖွဲ့နှင့် ပါလက်စတိုင်းဆန္ဒပြသူများ ပဋိပက္ခဖြစ်

Posted by drmyochit Thursday, May 16, 2013, under | No comments

အစ္စရေး လုံခြုံရေး တပ်ဖွဲ့များနှင့် ပါလက်စတိုင်း ဆန္ဒပြသူများကြား နက္ကဘား ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ပဋိပက္ခ များ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ အစ္စရေး နိုင်ငံကို (၁၉၄၈)ခုနှစ်က ထူထောင် ခဲ့သည့်နောက် ပါလက်စတိုင်း အများစုသည် မိမိတို့၏ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်များ ဖြစ်လာကြသည်။ ယင်းဖြစ် စဉ်ကို ပါလက်စတိုင်းတို့က နက္ကဘား (ကပ်ဘေးသင့်ခြင်း)ဟု အမှတ် သညာ ထားခဲ့ကြသည်။ ယခုအခါ (၆၅)နှစ်ပြည့် နက္ကဘား အထိမ်း အမှတ် အတွက် ပါလက်စတိုင်းမှ ထောင်နှင့်ချီသော ဆန္ဒပြသူများက အစ္စရေး လွှမ်းမိုးမှုကို အနောက်ဘက် ကမ်းခြေ ဒေသတွင် စုရုံး ကန့်ကွက် မှု ပြုလုပ်ခဲ့ပြီး အစ္စရေး ရဲများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ထိုအတောအတွင်း ဂါဇာရှိ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ ပစ်ခတ်လိုက်သည်ဟု ယူဆရသော လက်နက်ကြီး ကျည်ဆန်တစ်ခုသည်လည်း အစ္စရေးမြေပေါ် ကျရောက် ပေါက်ကွဲခဲ့သေးသည်။ သို့သော်လည်း မည်သည့် ထိခိုက် အနာတရ ပျက်စီးမှုမျှ မရှိခဲ့ဟု အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိက ပြောဆိုခဲ့သည်။ ဆန္ဒပြသူများသည် အနောက်ဘက် ကမ်းခြေဒေသ တစ်ခုလုံး၏ မြို့တော်ဖြစ်သည့် ဟီဘရွန် အနီးရှိ ဒုက္ခသည် စခန်းတစ်ခု အပြင်ဘက်တွင် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



ထောင်နှင့်ချီသော ပါလက်စတိုင်း ဆန္ဒပြသူများသည် ရာမယ်လာ ရင်ပြင်တွင် စုရုံးကာ အစ္စရေး၏ လွှမ်းမိုးမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ အစ္စရေးသည် (၁၉၄၈)ခုနှစ်၊ မေလ (၁၄)ရက်နေ့က လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ကြောင်း ကြေညာခဲ့ပြီး ချက်ချင်းလိုလိုပင် ပတ်ဝန်းကျင် အာရပ်နိုင်ငံများ၏ ကျူးကျော်စစ်ပြုမှုကို ခံခဲ့ရသည်။ အဆိုပါ စစ်ပွဲသည် ယနေ့ထိ တည်ရှိနေသည့် ဂျူးနှင့် အာရပ်တို့ကြား အမုန်းတရားကို အစပြုခဲ့သလို ပါလက်စတိုင်းသား မြောက်မြားစွာတို့မှာလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်ရင်း ဒုက္ခသည်များ ဖြစ်လာခဲ့ကြသည်။ ယနေ့အချိန်တွင် အရှေ့အလယ်ပိုင်း ဒေသ၌ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသည့် ပါလက်စတိုင်းလူမျိုး (၅.၃)သန်းထိ ရှိနေကြောင်း သိရှိရသည်။







Source: Reuters
From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်