Thursday, May 16, 2013

မိဘမဲ့ နှင့် မရှိ နွမ်းပါးကလေးငယ် ၃၀၀ ကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးပြီး ပဋိစ္စသမုပ္ပါဒ် အခြေခံသင်တန်း နှင့်တရားစခန်းဖွင့်လှစ်ပေးမည်

Posted by drmyochit Thursday, May 16, 2013, under | No comments


ရန်ကုန်တိုင်းဒေ သကြီး မင်္ဂလာဒုံမြို့နယ် ၊ ထောက်ကြန့်နွယ်ခွေစံပြကျေးရွာ ၊ဗိုလ်တေဇ လမ်း၊  ဇေယျာ သီ ရိကျောင်း ၊ သစ္စာဥာဏ် ပွင့်ဝိပဿနာဓမ္မရိပ်သာတွင် သံဝေဂ ဆရာတော်အရှင်သောမ (ထားဝယ်) က ဦးဆောင် ကာ မရှိနွမ်းပါး မိဘမဲ့ နှင့် မည်သူမဆို အသက် (၈) နှစ် မှ (၁၆) နှစ် အတွင်း ကလေး ငယ်များ ကို မေ၂၄ ရက် (ကဆုန်လပြည့်) သောကြာနေ့တွင် ပဗ္ဗစ္စ သာသနာ့ အမွေအဖြစ် ရှင်သာမဏေ အပါး (၃၀၀) ကို သာသနာ့ ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးပြီး ရှင်သာမဏေများကို ပဋိစ္စသမုပ္ပါဒ် အခြေခံ သင်တန်း နှင့် တရား စခန်း (အခမဲ့) ဖွင့်လှစ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အလှူတော် မင်္ဂလာ အခမ်း အနားကြီးကို ၁၃၇၅ ခုနှစ် ကဆုန်လပြည့်နေ(သောကြာနေ့) ၊ ၂၄.၅.၂၀၁၃ ရက်နေ့ နံနက် ၉ နာရီ အချိန် တွင် အလှူတော် မင်္ဂလာနေရာဖြစ်သော ဇေယျာသီရိ ကျောင်း သစ္စာဥာဏ်ပွင့် ၀ိပဿနာဓမ္မရိပ်သာ ၊ ဗိုလ်တေ ဇလမ်း ၊ နွယ်ခွေစံပြကျေးရွာ ၊ ထောက်ကြံ့ ၊ မင်္ဂလာဒုံမြို့နယ်တွင်  ကျင်းပမည်ဖြစ်ရာ ကြွရောက် ချီးမြှင့် နိုင်ကြရန် အတွက် အကျိုးတော်ဆောင်အဖွဲ့က ဖိတ်ကြားထားကြောင်းသိရသည်။


ခြေမြန်တေ
From: The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်