Thursday, May 16, 2013

၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက် / မုန်တိုင်းသတိပေးချက်

Posted by drmyochit Thursday, May 16, 2013, under | No comments


ယနေ့ မြန်မာ စံတော်ချိန် (၁၁း၃၀) နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင် လယ်အော် မြောက် ပိုင်းတွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက် သို့ရွေ့ လျား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက် မြောက်ဘက် မိုင်(၁၁၀) ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ(စစ်တကောင်းမြို့)၏ အနောက် တောင်ဘက် မိုင်(၁၁၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ တစ်နာရီလျှင် (၁၀)မိုင်မှ(၁၅)မိုင် နှုန်းဖြင့် ရွေ့လျားလျှက် ရှိပြီး၊ မုန်တိုင်း ဗဟိုချက်သည် နောက် (၆)နာရီ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ (စစ်တကောင်းမြို့) အနီးမှ ကုန်းတွင်း ပိုင်းသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေ အနေမှာ အနီရောင် အရေးပေါ် အခြေ အနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာ နိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါ သည်။


ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့် တက် နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူ ခရိုင် ကမ်းခြေတွင်(၄)ပေမှ(၆) ပေခန့် မြင့်တက် နိုင်ပါသည်။ မုန်တိုင်းနှင့် အတူ မိုးသည်း ထန်စွာ ရွာသွန်း နိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင် ပြည်နယ် တို့တွင် မိုးရွာသွန်း မှုကြောင့် မြေပြိုခြင်း၊ တောင်ကျ ရေများကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှား သင့်ပါသည်။


အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀) အထိ တိုက်ခတ် နိုင်သည့် အတွက် ပင်လယ်မှ ငါးဖမ်း ထွက်သည့် ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်း အန္တရာယ်ကို ကြိုတင် ရှောင်ရှား ကြပါရန် အကြံပြု အပ်ပါသည်။

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်