Wednesday, September 03, 2014

ယနေ့နံနက်ပျဉ်းမနားဈေးရှေ့နေအိမ်ဆိုင်ခန်းခြောက်ခန်းတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှုံး”

Posted by Unknown Wednesday, September 03, 2014, under | No comments




ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်းယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီးစတင်လောင်ကျွမ်းခဲ့ရခြင်းအကြောင်းအရင်းကိုတော့စစ်ဆေးဆဲဖြစ်တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။

ပျဉ်းမနားမြို့နယ်၊မင်္ဂလာရပ်ကွက်၊ဗိုလ်လကျာင်္လမ်းထောင့်ရှိနေအိမ်ဈေးဆိုင်ခန်းတွေမှာနံနက်၂း၁၀မိနစ်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမီးသတ်တပ်ဖွဲ့က၂း၅၀မှာမီးထိန်းနိ်ုင်ခဲ့ပြီး၃း၁၅မိနစ်မှာတော့မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ပျဉ်းမနားမြို့မစခန်းမှရဲအုပ်စိုင်းကျော်လွင်က“ဘယ်ကစလောင်တယ်ဆိုတာကိုကျတော်တို့စစ်ဆေးဆဲဘဲရှိပါတသေးတယ်”လို့ပြောပါတယ်။

မီးစတင်လောင်ခဲ့ရာနေရာနဲ့အကြောင်းရင်းကိုသိရဖို့်ဆိုင်ခန်းပိုင်ရှင်တချို့ကိုလည်းရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးနေတာကိုတွေ့ရပါတယ်။
ငွေပဒေသာအရုပ်ဆိုင်ပိုင်ရှင်ဒေါ်မြင့်စန်းက”မီးကိုသေချာစစ်ဆေးပြီးမှပြန်ခဲ့တာပါ။နေ့တိုင်းလည်းစစ်ပြီးမှပြန်နေပြပါ”လို့စစ်ဆေးခံဖို့ရဲစခန်းစောင်းနေစဉ်ပြောပါတယ်။

၁။ငွေပဒေသာအရုပ်ဆိုင်၊၂။ဦးသာရ+ဒေါ်စန်းရီရွှေဆိုင်၊၃။ပွင့်ဖြူအထည်ဆိုင် ၄။ဟွာဝေးဖုန်းဆိုင် ၅။ရွှေမြင်းပျံရွှေဆိုင်နဲ့ ၆။အိမ အအေးဆိုင်တို့မီးလောက်ကျွမ်းခဲ့ကြတယ် လို့ပျဉ်းမနားမီးသတ်တပ်ဖွဲ့ကသိရပါတယ်။

Author - မိုးမိုး
Kumudra

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်