Wednesday, September 03, 2014

Ice Bucket Challenge ကို တုံ့ပြန်လိုက်တဲ့ Clothes-off Challenge

Posted by drmyochit Wednesday, September 03, 2014, under | No comments



ယခုတလော ကမ္ဘာတလွှားမှာ သာမက မြန်မာအသိုင်းအ၀ိုင်းမှာပါ ရေပန်းစားနေတဲ့ Ice Bucket Challenge  ကိုတော့ တရုတ်နိုင်ငံမှာ Clothes-off Challenge ဆိုပြီး တုံ့ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ရဲ့ ဖူတိန်အပိုင်းမှာ ရှိတဲ့ အမည် မဖော်ပြလိုတဲ့ ကုမ္ပဏီတစ်ခုက အလုပ်သမား အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ဟာ ဆိုရင် အတွင်းခံ၊ ဘောင်းဘီတိုနဲ့ ဘီကနီ စတာတွေကို ၀တ်ဆင်ထားကြပြီး  ကာဗွန် သုံးစွဲမှု လျော့ချရေး ဆိုတဲ့ နမူနာအနေနဲ့  Clothes-off Challenge လုပ်ခဲ့ကြပါတယ်။

Shanghaiist သတင်းစာအရ အဆိုပါ ကုမ္ပဏီဟာ အလုပ်သမားတွေရဲ့ Clothes-off Challenge လုပ်ပြီး “Clothes-off Challenge to boycott Ice Bucket Challenge” အမည်ရတဲ့ ဆိုင်းဘုတ်ကိုင်ကာ ရိုက်ကူးထားတဲ့  ဓါတ်ပုံတွေကို အင်တာနက် စာမျက်နှာများမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံတစ်ပုံမှာ ဆိုရင်တော့ ice bucket လို့ ရေးပြီး ကြက်ခြေခတ် ခြစ်ထားတဲ့ ပုံးတွေကို အလုပ်သမားတွေရဲ့ ရှေ့မှာ တန်းစီကာ ချထားတာကို တွေ့ရပါတယ်။


ice bucket challenge ရဲ့ ရည်ရွယ်ချက်ကတော့ အာရုံကြော ဝေဒနာ တစ်မျိုးဖြစ်တဲ့ Amyotrophic lateral sclerosis (ALS) ရောဂါ ရှာဖွေ ကုသရေးအတွက် ရန်ပုံငွေ ရရှိဖို့ အတွက် ရေခဲရေပုံးကို ခေါင်းပေါ်ကနေလောင်းပြီး အောင်မြင်ခဲ့ရင်တော့ အခြားလူများကို စိန်ခေါ်နိုင်တဲ့ ကောင်းသော ရည်ရွယ်ချက်တွေ ပါဝင်တဲ့ အလှူဒါန တစ်ခုဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံမှာ စတင်လှုပ်ရှားလိုက်တဲ့ Clothes-off Challenge ရဲ့ ရည်ရွယ်ချက်ကိုတော့ ရေရေရာရာ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။

World Myanmar မှ
ref: sgstomp

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်