Sunday, July 29, 2012

မြန်မာ-ဘင်္ဂလာအကြား ပါ့စ်ပို့စီးပွားရေးသမားများ အခက်အခဲကြုံနေရဆဲ

Posted by drmyochit Sunday, July 29, 2012, under | No comments

မြန်မာ-ဘင်္ဂလာအကြား ပါ့စ်ပို့စီးပွားရေးသမားများ အခက်အခဲကြုံနေရဆဲ
Written by သဇင်ဥ    Sunday, 29 July 2012 10:29   
20120613yရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် အကြားတွင် ပါ့စ်ပို့ဖြင့် တရားဝင် ကူးသန်းဖြတ်ကျော် နေကြသည့် စီးပွားရေးသမားများမှာ ယခုအချိန်ထိ စတင်သွားလာရန် အခက်အခဲဖြင့် ရင်ဆိုင်ကြုံနေကြရကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့မှ ယခုအချိန်ထိ စုစုပေါင်းရက် ၅၀ ကျော်အတွင်း နေ့စဉ်နှင့် တစ်ပတ်ကြာပါ့ပို့စ်ဖြင့် ကူးဖြတ်သွားလာနေကြသည့် ကုန်သည်များမှာ ယမန်နေ့ကအထိ ၂ ရက်ခန့်သာ အနည်းငယ်မျှ အစမ်းသဘော သွားခဲ့ကြကြောင်း နယ်စပ်စီးပွားရေးသမားများက ပြောသည်။
သွားနေကြတာ မတွေ့ရဘူး၊ လုံးဝကို မမြင်ရပါဘူး၊ အယင်ဆိုရင် နေ့စဉ်ပါ့စ်ပို့သမားတွေ ရှင်ပြုပွဲတွေမှာ သွားနေကြသလို အထပ်အပိုး တွေနဲ့ တန်းစီသွားနေကြတာ တနေ့တနေ့ကို ဦးရေ ၁၀၀ ကျော်လို့ ပြောနိုင်ပါတယ်၊ အဲဒီပါ့စ်ပို့ သမားတွေ ပြောတာက ဒီကြားထဲသွားရင် အကုန်လုံးအရင်းပြုတ်သွားနိုင်တယ်၊ အသက်အန္တရာယ်ကရှိသေးတယ်၊ ပြီးတော့ နစက ကိုပေးရ၊ BGBကိုပေးရတာနဲ့ သိပ်မကိုက်ဘူးလို့ ပြောပါတယ်၊ မိုးတွေကလည်း မနားတမ်းရွာနေတော့ စောင့်ကြည့်နေကြတယ်လို့ ဆိုကြပါတယ်။ ဟု မောင်တောမြို့မှ ကုန်သည်ကြီး တစ်ဦးက ရှင်းပြခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးတွင် နေ့စဉ်နှင့် တပတ်ကြာပါ့စ်ပို့ယူကြပြီး ကူးဖြတ်သွားလာနေကြသူများ အနေဖြင့် ပဋိပက္ခစတင်ဖြစ်ပွားသည့်ကာလမှ ယခုအချိန်ထိ စားဝတ်နေထိုင်ရေးနှင့် လုံခြုံရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။
နယ်စပ်ကိုဖြတ်ကျော်ပြီး ကုန်တွေသယ်ပို့မှ စားဝတ်နေရေးအတွက် နည်းနည်းပါးပါး ထွက်တာပါ၊ ပြဿနာဖြစ်တော့ ဘာဝင်ငွေမှမရှိတဲ့ အပြင် ဘယ်ကိုဘယ်လို ထွက်ပြေးရမလဲ အသက်ရှင်ရေးအတွက် ဒါကိုပဲ စဉ်းစားနေခဲ့ရပြန်တယ်၊ လုပ်နေကျအလုပ်ကို မလုပ်ရတော့ သားသမီးတွေ ကျောင်းစရိတ်တွေလည်း မဖုံလုံဘူး၊ ခုချိန်ထိ ကျောင်းတက်ခွင့် မသာသေးဘူး၊ နေ့စဉ်စားဖို့က ဖြစ်သလိုတော့ ရှာစား နေကြတာပဲလေ၊ နယ်စပ်မှာကောင်းလာရင်လည်း ရင်းဖို့ငွေလိုနေသေးတယ်၊ ဒါပေမဲ့ အရင်ကလို နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ဖို့ မရဲတရဲဖြစ်နေပါတယ်။ဟု အမည်မဖေါ်လိုသူ မောင်တောမြို့နယ်မှ ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယင်းပဋိပက္ခမဖြစ်ခင်ကတည်းက နှစ်နိုင်ငံအကြား ပါ့စ်ပို့ဖြင့် တရားဝင် ၀င်ထွက်ခဲ့ကြသူများတချို့မှာ မိမိနေရင်းရပ်သို့ အခြေအနေများကိုလေ့လာကြည့်ရှုပြီး တရားမ၀င် ပြန်သွားခဲ့ကြသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။ 
ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာနှင့် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် စီးပွားရေးနှင့် နယ်စပ်လုံခြုံရေးများအတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် စာချုပ်များကို အကောင်အထည်ဖေါ်ရန် အထူးလိုလားမှုများရှိနေသောကြောင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကြောင့် မိမိနိုင်ငံအတွင်းသို့ ကူးစက်လာမည့် အခြေအနေ ဆိုးကျိုးများကို ကြိုးပမ်းထိမ်းသိမ်းခဲ့မှုများ ရှိသည်။2009
ရခိုင်ပြည်နယ် ပဋိပက္ခကာလအတွင်း မြန်မာမှ ဘင်္ဂလာသို့ ကျူးကျော်လာသူများဟု စွပ်စွဲပြီး ဘင်္ဂလီအမျိုးသား၊ အမျိုးသမီးနှင့် ကလေး စုပေါင်း ၂၀၀၀ နီးပါးခန့်အား ရခိုင်ပြည်နယ်သို့ တရားမ၀င် ပို့ဆောင်ခဲ့ကြောင်း ကော့စ်ဘဇားမြို့ထုတ် သတင်းစာများက ဖေါ်ပြချက်အရ သိရှိရသည်။
မြန်မာမှ ဘင်္ဂလာသို့ ဇွန်နှင့် ဇူလိုင်လအတွင်း ငါးတန်ချိန် ၅၀၀ ခန့်နှင့် ဇူလိုင်အတွင်း ဘုတ် (၁၂)စီးကျော် သစ်တန်ချိန်ပေါင်း ၈၀၀ ခန့်တို့ကို တရားဝင်တင်ပို့ ခဲ့ကြောင်းနှင့် အိမ်မွေးတိရိစ္ဆာန်များနှင့် လှေများဖြင့် ပုဇွန်များ တရားမ၀င် တင်ပို့ခဲ့ကြောင်း တာခ်နာမြို့နယ်မှ စီးပွားရေး သမားတစ်ဦးက ပြောသည်။
Last Updated ( Sunday, 29 July 2012 11:19 )
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်