Sunday, July 29, 2012

အီရန်နိုင်ငံမှ ရေနံဈေးကွက်တည်ငြိမ်ရေးအား ထိန်းသိမ်းမည်ဆိုခြင်း

Posted by drmyochit Sunday, July 29, 2012, under | No comments

      
အီရန်နိုင်ငံသည် ရေနံဈေးကွက်တည်ငြိမ်ရေးအား ထိန်းသိမ်းရန် ¤င်း၏လုပ်နိုင် စွမ်းအားလုံးကို အသုံးပြုသွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Ramin Mehmanparast က ပြောကြားခဲ့ကြောင်း Times နေ့စဉ်သတင်းစာက ဇူလိုင်လ ၂၅ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။ တစ်ကမ္ဘာလုံးရှိ စွမ်းအင်ဈေးကွက် များကို နှောင့်ယှက်ရန် အီရန်နိုင်ငံက ကြိုးစားနေသည်ဟု အနောက်အုပ်စုနိုင်ငံများမှ ပြောကြားနေမှုများကို Mehmanparast က ငြင်းဆိုခဲ့ပါသည်။ အချို့သောပြောဆိုချက်များမှာ အခြေအမြစ်မရှိကြောင်း ¤င်းက ပြောကြားခဲ့ ပါသည်။ ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးအနေဖြင့် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ် ရေလက်ကြား၏ လုံခြုံရေးကိုထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း Mehmanparast က လွန်ခဲ့သော သီတင်းပတ်အတွင်းက ပြောကြားခဲ့ ပါသည်။
          အခြားသောနိုင်ငံများမှ ဒေသတွင်းဝင်ရောက်စွက်ဖက်ရန်ကြိုးစားခြင်းနှင့် စွမ်းအင်ဈေးကွက်များကို နှောင့်ယှက်နေခြင်း၊ စွမ်းအင်တင်ပို့မှုများ ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်နေမှုများသည်သာ ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက် ကြားအားအမှန်တကယ်ခြောက်လှန့်နေခြင်းဖြစ်သည်ဟု Mehmanparast က ပြောကြားခဲ့ပါသည်။ အစ္စလာမ်တော်လှန်ရေးတပ်ဖွဲ့ (IRGC) မှ ရေတပ်ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် Alireza Tangsiri  ကအီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားရေလမ်းကြောင်းအား ¤င်းတို့အသုံးပြုနေသရွေ့ ပိတ်လိမ့်မည် မဟုတ်ကြောင်း IRNA သတင်းဌာနတွင် ဇူလိုင်လ ၂၃ ရက်နေ့၌ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ ၏ နျူကလီးယားအစီအစဉ်များအပေါ်တင်ပို့ကုန်များရပ်ဆိုင်းစေခြင်းနှင့် အီရန်၏အကျိုးစီးပွားအား ထိခိုက်စေသော အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု များတိုးမြှင့်ခဲ့လျှင် ဟော်မုဇ်ရေလက်ကြားအား ပိတ်မည်ဟုခြိမ်းခြောက်ခဲ့ ကြောင်း သိရှိရပါသည်။
Xinhuanet.com;July-25(Wed)   

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်