Sunday, July 29, 2012

အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း

Posted by drmyochit Sunday, July 29, 2012, under | No comments

 စနေနေ့ က လန်ဒန်အိုလံပစ် ပြိုင်ပွဲမှာ မြန်မာ အသင်းက Air Pistol ၁ဝ မီတာ သေနတ်ပစ် ပြိုင်ပွဲ နဲ့ single skull တဉီးချင်း လှပြေိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အကြောင်း မြန်မာ အားကစား အဖွဲ့ အုပ်ချုပ်မှု အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အတွင်းရေးမှူး ဉီးခင်မောင်လွင် က ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာ နိုင်ငံ ကို ကိုယ်စားပြု ပြိုင်ပွဲဝင်တဲ့ သေနတ်ပစ် Air Pistol သေနတ်ပစ် ပြိုင်ပွဲ မှာ မောင်ကြူး ယှဉ်ပြိုင်ရာမှာ အမှတ် ၆ဝဝ အနက် ၅၆၅ မှတ် ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ ကြောင်း၊ တောင်ကိုးရီးယား က ၅ဂဂ မှတ်၊ တရုတ် က ၅၈၆ မှတ် နဲ့ ပထမ နဲ့ ဒုတိယ၊ ဆားဗီးယား က ၅၈၅ မှတ် နဲ့ တတိယ ရရှိသွားကြောင်း ဉီးခင်မောင်လွင်က ရှင်းပြပါတယ်။



မောင်ကြူး ဟာ ၂၀၀၉ ခုနှစ်က လာအိုနိုင်ငံ မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ တုန်းက ပထမဆု ရွှတေံဆိပ် ကို ၅ဂ၁ မှတ်နဲ့ ရခဲ့တာ ကို အခု မမီတဲ့ အကြောင်း ပြောပြပါတယ်။ အိုလံပစ်အားကစား ယှဉ်ပြိုင်တဲ့ အခါမှာ ပါဝင်ကြတဲ့ နိုင်ငံ တွဟော အံ့သြစရာ ကောင်းအောင် ရမှတ်တွေ မြင့်မားကြပုံ လည်း ဉီးခင်မောင်လွင် က ပြောပါတယ်။

Single skull လှပြေိုင်ပွဲဝင် ရွှဇေင်လတ် က မီတာ ၂ဝဝဝ စံချိန် မရ လို့ ပြိုင်ပွဲ မှာ ရှုံးခဲ့ပေမယ့် ရှုံးနိမ့်သူ ၈ ဉီးကို best losers တွေ အဖြစ် ပြန်ရွေးထားပြီး ကနေ့ မှာ ပြန်လည်ယှဉ်ပြိုင် ရမှာပါ။ အနိုင်ရရင် တနင်လာနေ့ မှာ ကွားတား ဖိုင်နယ် နဲ့ ဆီမီး ဖိုင်နယ် အဆင့် တက်နိုင်ကြောင်း၊ ဖိုင်နယ် ကတော့ သြဂုတ်လ ၄ ရက်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ရွှဇေင်လတ် ဟာ အရှေ့တောင် အာရှ လှပြေိုင်ပွဲတွမှော ရွှတေံဆိပ်ဆု ရဖူးကြောင်း လည်း ဉီးခင်မောင်လွင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်