ဆီးရီးယားနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေးကြိုးပမ်းရန်အတွက် သမ္မတ ဘာရှာအယ်လ်အာဆတ် နှင့် ဆီးရီးယားအတိုက်အခံတို့အကြား ဆွေးနွေးပွဲကျင်းပ ပေးရန်အသင့်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး Vitaly Churkinက အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကောင်စီဆွေးနွေးပွဲတစ်ရပ်၌ ဇူလိုင်လ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။အစိုးရနှင့်အတိုက်အခံတို့အကြား စေ့စပ်ဆွေးနွေးမှုများ တိုးတက်စေရန်အတွက် ရုရှားနိုင်ငံက အုတ်မြစ်တစ်ခုအဖြစ်ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြင်ပတွင် အာဆတ်အစိုးရအား ဖိအားပေးရန်ကြိုးပမ်းမှုအတွက် အမေရိကန်နှင့်ဥရောပနိုင်ငံများကိုလည်း ဝေဖန် ထားကြောင်း ¤င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအပေါ် အနောက်အုပ်စု၏လုပ်ဆောင်မှုများသည်ဆိုးရွား သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ရပ်အား အရှိန်မြှင့်တင်ရန်ဦးတည်နေကြောင်း Churkin က ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကျောထောက်နောက်ခံပြုပေးထားသော အနောက်အုပ်စုမှရေးဆွဲထားသည့် ဆီးရီးယားအစိုးရအပေါ် အရေးယူပိတ်ဆို့မှု အသစ်မူကြမ်းတစ်ရပ်အား ရုရှားနှင့်တရုတ်နိုင်ငံတို့က ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပါသည်။ အဆိုပါ မူကြမ်းအားပယ်ချခြင်းသည် ဆီးရီးယား နိုင်ငံတွင်း အကြမ်းဖက်မှုများစတင်ခဲ့သည့်အချိန်မှစ၍ ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံအား ဆန့်ကျင်သည့် ဆုံးဖြတ်ချက်အပေါ်တားမြစ်သည့် တတိယအကြိမ် မြောက်ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က ¤င်းတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီပြင်ပတွင် ဆီးရီးယားအစိုးရအား ဖိအား ပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရအားဆန့်ကျင်သော ဆန္ဒပြမှုများပြုလုပ်ခဲ့သည့် ၂ဝ၁၁ ခုနှစ် မတ်လမှစ၍ အကြမ်းဖက်မှုများဖြစ်ပွားလျက် ရှိကြောင်း သိရှိရပါသည်။
Press TV.com;July-25(Wed)
Time in Rangoon

0 comments:
Post a Comment