Sunday, July 29, 2012

အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးပျံသစ်နှင့် ရေယာဉ်ပျံသစ်များတည်ဆောက်ရန်ရှိခြင်း

Posted by drmyochit Sunday, July 29, 2012, under | No comments

အီရန်နိုင်ငံသည် မကြာမီကာလအတွင်း ပဲ့ထိန်းဒုံးပျံသစ်များနှင့် ပြည်တွင်းဖြစ် ရေယာဉ်ပျံများ စတင် ထုတ်လုပ်ရန်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ တိကျမှုမြင့်မားသော ပဲ့ထိန်းဒုံးပျံများနှင့် လက်နက်တပ်ဆင်ထားသော ရေယာဉ်ပျံများထုတ်လုပ်မှုကို မကြာမီစတင်မည်ဖြစ်ကြောင်း ဗာဟီဒီ၏ပြောကြားချက် ကိုကိုးကား၍  Press TV သတင်းဌာနက ဖော်ပြခဲ့ပါ သည်။ သို့သော် ¤င်းဒုံးပျံ၊ ရေယာဉ်ပျံများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်အား ပြောကြားခြင်း၊ သို့မဟုတ် ထုတ်လုပ်မည့်ကာလတို့အား ဗာဟီဒီက ပြောကြားခဲ့ခြင်း မရှိကြောင်းသိရှိရပါသည်။
၂ဝဝ၇ခုနှစ်တွင် ရုရှားနိုင်ငံက မြေပြင်မှဝေဟင်ပစ်Sှ-၃ဝဝ ဒုံးပျံများရောင်းဝယ် ရေးစာချုပ်ကို ဖျက်သိမ်း ပြီးခဲ့ချိန်မှစ၍ အရေးပါသောစစ်လက်နက်ပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့်ကာကွယ်ရေး၌ မိမိကိုယ်ကို အားကိုးနိုင်သော အခြေအနေရရှိအောင် အီရန်နိုင်ငံက အလေးထားဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင်S-၃ဝဝ ဒုံးပျံစနစ်အား ပြည်တွင်း၌ပင်ထုတ်လုပ်နိုင်ကြောင်း အီရန်နိုင်ငံက အခိုင်အမာပြောကြားလျက်ရှိပါသည်။

RIANovosti.com;July-25(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်