Friday, November 01, 2013

သွေးစုပ်ဖုတ်ကောင် Vampire

Posted by drmyochit Friday, November 01, 2013, under | No comments

သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။

သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။



သွေးစုပ်ဖုတ်ကောင် Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။ ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ ဖြစ်နိုင်ပါတယ်။ ဒီ vampire ပုံပြင် တွေဟာ Porphyria  ခေါ်တဲ့ ထူးခြားတဲ့ ရောဂါ တစ်မျိုး ကနေ စတင် လာတယ် လို့ ယူဆ ရပါတယ်။ ဒီ ရောဂါဟာ သွေးနီ ဥတွေ ထုတ်လုပ်မှု ပုံမှန် မဟုတ်တဲ့ မျိုးရိုးလိုက် ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ရှားပါး ထူးခြားပြီး ဥရောပ ဆွေကြီးမျိုးကြီး တွေရဲ့ အမျိုး အချင်းချင်း လက်ဆက်မှု ကနေ စတင် တယ်လို့ ဆိုကြ ပါတယ်။ သတင်း ကောင်း ကတော့ ဒါဟာ မကူးစက် တတ်ပါဘူး။ ဒါပေမဲ့ သတင်းဆိုး ကတော့ ကုရာ နထ္တိ ဆေးမရှိပါ။ "porphyria" ဆိုတဲ့ စကားလုံး က အသစ် အဆန်း ဖြစ်ချင် ဖြစ်နေ နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါ ကတော့ ကမ္ဘာ အစက တည်းက ရှိနှင့် နေခဲ့ပြီး အသည်း ဒါမှ မဟုတ်ရင် သွေးနဲ့ ပတ်သတ်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် ပါတယ်။ ဟစ်ပိုကရေးတီး လက်ထပ် ကတည်းက သိနှင့်နေကြ ပေမဲ့ တကယ် တမ်းကျ ၁၈၇၁ မှာ Felix Hoppe-Seyler က  biochemical နည်းအရ ရှင်းလင်း နိုင်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာတော့ ဒတ်ခ်ျ ဆရာဝန် Barend Stokvis က acute porphyrias ကို သတ်မှတ် ခဲ့ပါတယ်။ နောက်ပိုင်းမှာ သွေးစုတ် ဖုတ်ကောင် ရောဂါလို့ ခေါ်ကြပြီး ဒီရောဂါက Vampire ပုံပြင်တွေ စတင်ခြင်း ရဲ့မူလ ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်နေတဲ့ လူနာ တွေဟာ ပုံပြင် ထဲက သွေးစုပ် ကောင်လို လက္ခဏာတွေ ပြပါတယ်။ သူတို့ရဲ့ အရေပြားဟာ နေရောင် နဲ့ထိလို့ မရတာ၊ ဆီးသွားရင် အနီရောင် ဒါမှမဟုတ် ခရမ်းရောင် ဆီးတွေ ထွက်လာတာ၊ သွားဖုံး တွေက ကျုံ့ဝင် နေလို့ အစွယ်တွေ ထွက်သလို ဖြစ်နေတာ၊ ကြက်သွန်ဖြူနဲ့ မတည့်တာ အားလုံး တူနေတာပါပဲ။ ဒါတင်မက ပါဘူး။ သူတို့ဟာ ဗိုက်အမြဲ နာနေ တတ်ပြီး၊ အမွေး တွေ ရှည်လာတတ် မကြာခဏ အန်တတ် အရေပြား တွေကလည်း တင်းမာ နေတတ် ပါသေးတယ်။


ဒီသွေးစုတ် ဖုတ်ကောင် ရောဂါကြောင့် သွေးစုပ် ကောင်တွေ တကယ် ရှိတယ်လို့ ထင်မှတ်မှား ခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သိပ္ပံ ပညာ မ ထွန်းကား တဲ့ခေတ်မှာ ဒီလူနာ တွေကို သွေးစုပ်ဖုတ်ကောင် တွေလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ရှပ်ရှင်တွေ တီဗွီတွေ ထဲ မှာပါ နေတာတွေ နဲ့တော့ ကွာပါတယ်။ သူတို့ဟာ ဖျားနာ နေတဲ့ သူတွေသာ ဖြစ်လို့ အန္တရာယ် မပြုနိုင် ပါဘူး။ ဒီ prophyria ဝေဒနာရှင် တွေဟာ prophyrins နဲ့ heme တွေ ထုတ်တဲ့ အခါ အကူ အညီပေးတဲ့ enzyme တွေ ထုတ်လုပ်ရာ မှာ ပြဿနာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

၁။ နေရောင်ကို အထိမခံ နိုင်ခြင်း - နေရောင်နဲ့ ထိတွေ့တဲ့ အခါ အရေပြားပေါ်မှာ ပိုလျံတဲ့ prophyrins တွေ စုလာတာမို့ နေရောင်နဲ့ ထိတွေ့ တဲ့ အခါ ဓါတ်ပြုမှုတွေ ဖြစ်လာရပါတယ်။

၂။ အစွယ်တွေ ပေါ်လာခြင်း - တကယ်တော့ ဒီဝေဒနာရှင် တွေရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေ စားသွားတာ မို့လို့ နှုတ်ခမ်းတွေ နီလာ သွားဖုံးတွေ ပေါ်လာပြီး အစွယ်တ ကားကား သဏ္ဍာန် ဖြစ်ပေါ် လာရတာပါ။

၃။ သွေးစုပ်ခြင်း - သူတို့ရဲ့ ခရမ်းရောင် ဆီးတွေဟာ သွေးစုပ် တာမို့ လို့ပါလို့ ထင်ကြပါတယ်။ နောက်တစ်ချက် ကတော့ သူတို့ဟာ တကယ်ပဲ သွေးသောက် ကြပါသေးတယ်။ ဒါပေမဲ့ လူသွေးတော့ မဟုတ်ပါဘူး။ သွေးသွင်းတာ ခေတ်မစား သေးတဲ့ ကာလမှာ သွေးအားနည်း တာနဲ့ နာ ကျင်မှုကို သက်သာဖို့ တိရစ္ဆာန် သွေးကို သောက်ကြ ပါတယ်။

၎။ ကြက်သွန် ဖြူနံ့ မခံနိုင်ခြင်း - ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းက ရောဂါကို ပိုဆိုးစေ ပါတယ်။ သူတို့ဟာ ကြက်သွန်ဖြူနံ့ ကြောင့် ပြင်းပြင်း ထန်ထန် နာကျင်မှု ကိုခံစား ရပါတယ်။

၅။ မှန်မှာ အရိပ် မပေါ်ခြင်း - ဒါကို ယုံကြည်မှု ကတော့ ရောဂါရှင် တွေဟာ ရောဂါ အမြင့်ဆုံး အဆင့်မှာ နှာခါင်း၊ နားရွက်နဲ့ နှုတ်ခမ်းတွေ တစ် ဖြေးဖြေးစား သွားတာမို့ သွားစွယ် တွေပေါ်လာပြီး မှန်ထဲမှာ ရုပ်ဆိုးစွာ သွားဖြီး ပြသလို မြင်နေရပါတယ်။ ဒါကြောင့် မှန်ကို ရှောင်လာတဲ့ အခါ လူတွေက တမျိုးမြင် ကြတာပါ။

၆။ ဒေါသကြီး လာခြင်း - acute porphyria ဝေနာရှင်တွေမှာ အာရုံကြော နဲ့သက်ဆိုင်တဲ့ လက္ခဏာ တွေဖြစ်ပါတယ်။ ဒေါသထွက် လွယ်တာ၊ အပြော အဆို မခံနိုင်တာ၊ ထစ်ခနဲဆို ကြမ်းတမ်းတာ၊ စိတ်ဓါတ် ပျက်ပြားတာ စတာတွေ ဖြစ်ပေါ် ပါတယ်။ ကျိန်စာတိုက်တာ လူတွေနဲ့ ဝေး ရာမှာ နေတတ်တာ ဒါတွေက သွေးစုပ် ဖုတ်ကောင် တွေလို့ ယုံကြည် ခံရတာတွေ ဖြစ်သွား တာပေါ့။

၇။ သွေးစုပ် ခံရပြီးနောက် သွေးစုပ် ကောင် အဖြစ် ပြောင်းလဲခြင်း - အပေါ်မှာ ပြောခဲ့ သလို ဒီရောဂါဟာ မျိုးရိုး လိုက်ပါတယ်။ တစ်ခါတစ်လေ ဝေဒနာရှင်က ရောဂါ အခြေအနေ ဆိုးလာတဲ့ အခါမျိုးမှာ တိရစ္ဆာန်သွေး မရနိုင်ခဲ့ရင် မိသားစုထဲက လူတစ်ယောက်က သွေးကို ပေးပါလိမ့် မယ်။ ဒီလူဟာလဲ ဒီရောဂါ ငုပ်လျိုးနေချိန် ဖြစ်နေမယ်။ နောက်ပိုင်းမှာ ရောဂါ စတင်လာတဲ့ အခါ ဝေဒနာရှင်က သွေးစုပ်တာ ကြောင့် လို့ ထင်မှတ်မှားတာ ဖြစ်ပါတယ်။


ရှေးအခါက ဒီလူနာတွေကို ဆေးဘက် ဆိုင်ရာ အကူအညီ ပေးရမဲ့ အစား ဝေဒနာရှင်ပေါင်း ၆၀၀ လောက်ကို သွေးစုပ် ကောင်လို့ လွဲမှားစွာ ယုံကြည်ပြီး မီးရှို့သတ်ဖြတ် ခဲ့ပါတယ်။ အခုခေတ် မှာတော့ ဒီဝေဒနာရှင် တွေဟာ ၁၀၀၀၀ မှာ တစ်ယောက် လောက်ရှိ နေပါသေးတယ်။ ကု သလို့ မပျောက် သော်လည်း ရောဂါ ရှာဖွေ သွေးသွင်းခြင်းနဲ့ နေထိုင်မှု ပုံစံ အကူအညီ ပေးခြင်း စတာတွေနဲ့ ကုသ ပေးပါတယ်။ တကယ် တော့ လက်တွေ့ဘ၀မှာ သွေးစုပ် ဖုတ်ကောင် ဆိုတာဟာ အဖြစ်မှန်နဲ့ ဝေးလွန်းပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား နေရသူတွေ မို့လို့ ကြောက်နေမဲ့ အစား ချစ်ခင် ဂရုစိုက် ပေးတာဟာ မှန်ကန် လက်တွေ့ကျ ပါလိမ့်မယ်။



Myanmar Youth Media Club

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်