Friday, November 01, 2013

မိသားစုများ၏ စီးပွားရေးလုပ်ငန်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အချိန်မရွေး လာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်း ပြောပြီ

Posted by drmyochit Friday, November 01, 2013, under | No comments


မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အချိန်မရွေး လာရောက် စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြော သည်။

“အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။ နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး လုပ်တဲ့အခါမှာ နိုင်ငံ သား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင် မရောက် ရဘူး။ လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက် ခိုင်း တယ်။ ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ် ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။

အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က ဒီနေ့ သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ် ဆိုတာ တရားဝင်လုပ်နေကြတယ်။

အဲဒီအတိုင်းပဲ သူတို့ တတွေ စီးပွားရေးလုပ်ပြီးတော့ ရတဲ့ ၀င်ငွေ က အခွန် အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခိုင်းထားတယ် ဆောင်ရွက်ထားတယ်လို့ပြော တယ်။ ဒါနဲ့ ပတ်သတ်လို့မိမိ အတွက်သော်လည်းကောင်း၊ မိမိ မိသားစု အတွက်သော်လည်ကောင်း အဓိက မိမိ ကိုယ်ကို မိမိတာဝန်ယူတယ်။ ကလေးတွေ အတွက် ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ် ။ အချိန်မရွှေး စစ်ခံနိုင်တယ်။ အချိန်မရွှေး လာရောက်လေ့လာနိုင်တယ်”ဟု ၎င်း ကပြောသည်။

၂၀၁၅ ခုနှစ်တွင်သမ္မတ ဖြစ်ချင်သူတစ်ဦးအနေဖြင့်၊သားသ္မီးများ၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသံအမျိုးမျိုးထွက်နေခြင်း၊ မိသားစု၏ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး အမျိုးမျိုးဝေဖန်မှု များရှိနေသည့် အတွက် Clear ရှိနိုင်ပါမလား ဟု သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုကို အထက်ပါ အတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၀င်ရောက်အရွေးချယ် ခံခြင်း ပြုတော့မည် မဟုတ်ဟု မိမိကို ပြောဆိုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က မီဒီယာသမားများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ယနေ့နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက် ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင်ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီ ယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


popular

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်