Friday, November 01, 2013

လေးစားရတဲ့ ကောင်လေး တစ်ယောက်

Posted by drmyochit Friday, November 01, 2013, under | 8 comments


တနေ့တော့ အသက် ၃၀ ကျော် ကုမ္ပဏီ ဒါရိုက်တာ တစ်ယောက် ရုံးဆင်းချိန်လောက်မှာ သူ့ရဲ့ရုံးခန်းကနေ ရုံးရှေ့ရပ်ထားခဲ့တဲ့ သူ့ရဲ့ အမိုးပွင့် ကားအသစ်လေးကို လှမ်းကြည့်လိုက်တယ်။ ကားနားမှာ ၁၃ နှစ် အရွယ် ကောင်လေး တစ်ယောက်ဟာ ကားလေး ကို လှည့်ပတ်ကြည့်နေပြီး သဘောကျဟန်နဲ့ ကားကို ကိုင်ကြည့်လိုက် အတွင်းထဲက ကားကူရှင်များကိုပါ ငေးကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတာ တွေ့လိုက်တယ်။

ဒီတော့ ကားကို တခုခုနဲ့များ ခြစ်ပေးလိုက်ရင် ဒုက္ခ ဆိုပြီး စိုးရိမ်စိတ်လေး ၀င်လာတော့ ရုံးကနေ ခပ်တုတ်တုတ် ဆင်းခဲ့တယ်။

ရုံးအောက်ရောက်တော့ ....

ဟိတ် ကောင်လေး.. ဘာလုပ်နေလဲ ... ဆိုတော့...

ကောင်လေး မျက်နှာက ကြောက်ရွံ့ မနေပဲ... ကားပိုင်ရှင်လား... လို့ တည်ငြိမ်စွာမေးလာတယ်....

ဟုတ်တယ်လေ... လို့ ခပ်ပြတ်ပြတ် ဖြေမိတယ်...

ကောင်လေးက..... အရမ်းသဘောကျတယ်ဗျာ... အစ်ကို ၀ယ်တုန်းက ဘယ်လောက် ပေးလိုက်ရလဲ.... လို့ မေးတယ်...

သူက... အစ်ကို့ဆီက မွေးနေ့လက်ဆောင်ရတာပါ.... လို့ ပြီးစလွယ်ဖြေလိုက်တယ်...

ဒီတော့ ကောင်လေးက ရင်ခုန် အံ့သြစွာနဲ့... ဟာ ဟုတ်လား... ဆိုပြီး အရမ်းကို အားကျသွားပုံနဲ့ ငေးကြည့်နေတယ်....

ဒီတော့... သူလဲ ကောင်လေးကို စိတ်ဝင်စားသွားပြီး... ကားလိုက်စီးမလား... လို့ မေးတယ်...

ကောင်လေးက မဆိုင်းမတွပဲ.. ဟုတ်ကဲ့လို့ ပြန်ဖြေတယ်....

လမ်းတလျှောက်လုံး... ကောင်လေးဟာ ကားစီးရလို့ ပျော်နေပုံ မပေါက်ပဲ... အတွေးတခု ထဲမှာ နစ်မျော နေဟန်တွေ့ရတယ်..... တနေရာ အရောက်မှာတော့... ရုတ်တရက် အခွင့်အရေး တခုတောင်းတယ်...

အစ်ကိုရေ ကျနော့ကို အိမ်ရှေ့ထိ လိုက်ပို့ပေးပါလား... ဆိုပြီး တောင်းဆိုတယ်...

သူ့အတွေးထဲမှာတော့

ဒီကောင်လေး သူ့ရပ်ကွက်ထဲက သူငယ်ချင်းတွေကို ကြွားချင်ပုံရတယ်... ဆိုပြီး.. သူလဲ အားနေတာနဲ့ လိုက်ပို့ဖို့ သဘောတူလိုက်တယ်။

နွမ်းပါးသူများ စုနေကြတဲ့ လူနေရပ်ကွက်ထဲက လမ်းကျင်းလေးများအတိုင်း အကွေ့အကောက်တွေ ကျော်သွားပြီး တနေရာအရောက်မှာတော့ အိမ်တန်းလျား တခုရှေ့မှာ ရပ်ခိုင်းလိုက်တယ်။

ပြီးတော့... ကားထဲက ခပ်တုတ်တုတ်ဆင်းပြီး ခဏလေးနော်.. မသွားသေးနဲ့အုံး၊ ကျေးဇူးပြုပြီး ခဏလေး စောင့်နေပေးပါ... လို့ ပြောပြီး အိမ်အပေါ်ထပ်ကို အပြေးလေး တက်သွားတယ်.....

ခဏနေတော့...

ခြေမသန်တဲ့ သူ့ရဲ့ ညီလေးကို မနိုင်မနင်း ပွေ့ချီပြီး ဆင်းလာတယ်... ပြီးတော့... ကားကို လက်ညှိးထိုးပြပြီး... သူ့ညီလေးကို ပြောလိုက်တယ်...

ညီလေး... ဟိုကားကို ကြည့်လိုက်... သူ့အစ်ကိုက မွေးနေ့ လက်ဆောင် ၀ယ်ပေးတာတဲ့... အစ်ကိုလဲ ညီလေးကို တနေ့နေ့မှာ ဒီလို ကားဝယ်ပေးနိုင်အောင် ကြိုးစားမယ်.. အားမငယ်နဲ့ သိလား... အဲဒီအချိန်ရောက်ရင် ညီလေးကြိုက်တဲ့ နေရာသွားလို့ရပြီပေါ့... လို့ ပြောလိုက်တော့... ကုမ္ပဏီ ဒါရိုက်တာလေးဟာ သူ့ကိုယ်သူတောင် ရှက်သွားပါသတဲ့။ နောက်ပြီး မလေးစားပဲ မနေနိုင်လို့ ညီအစ်ကို နှစ်ယောက်စလုံးကို မြို့အနှံ့ လိုက်ပို့ရင်း တစ်ညတာ အချိန်ဖြုန်းလိုက်မိတယ်။

ကြယ် စင်

8 comments:

တကယ်ပါ ဖတ်နေရင်းနဲံ့ပဲ မျက်ရည်ဝဲပြီး မျက်ရည်တောင်ကျတော့မလို့ မနဲထိန်းထားရတယ် အရမ်းကိုလေးစားပါတယ် ကလေးရယ်

It is called 'loving-kindness'; I pay respect to him instead of all good brothers.

ကျေးဇူးပါ ကြယ်စင်ရယ်...
.
ဘယ်ကယူထားပြီးတော့ ဘာသာပြန်ထားလဲဆိုတဲ့ reference လေးရေးခဲ့ရင် ပိုကောင်းမလားလို့ပါ...

သြော် ကျနော်လည်း အဲ့ဒိလိုအစ်ကိုတယောက်ရှိခဲ့ရင်ကောင်မယ်လို့ စဉ်းစားမိရင်း
ကျေးဇူးပါအစ်ကိုရေ
မင်းငါ့ကိုတစ်သက်မကျေဘူးတဲ့လားကွာ

ဖတ်ပြီးတကယ်မျက်ရည်ကျမိပါတယ်။

သူမဖြစ်ခဲ့ရတာတွေကို ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ငါ့အစ်ကိုရဲ့ကျေးဇူးက တယ်လဲ ကြီးမားပါလားနော်

reference လေးနဲ့သာဆို... အာ့လို. ထိထိမိမိ ဘာသာပြန်ပေးတက်တဲ့ ကြယ်စင့် ရဲ့စာလေးတွေက ပိုဖတ်လို့ ကောင်းသွားမှ..............

ကျေးဇူတင်ပါတယ်.. ဒီလိုကလေးတစ်ယောက်က ကျင်နာတတ်တဲ့စိတ်၊ ညီအပေါ်ထားတဲ့စိတ်လေးကို..အများသိရအောင်တင်ပေးတဲ့အတွက်ပါ..ငါ့ အမ နဲ့တော့ တခြားစီပါဘဲ ..သူကိုဖတ်စေချင်လိုက်တာ..

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်