Friday, November 01, 2013

လှိုင်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားဖြစ် ဘီယာ၊ ၀ိုင်၊ အေးခဲအသားများ တရားမ၀င် တင်သွင်းဖြန့်ဖြူး နေကြောင်း တိုင်ကြား၍ ၀င်ရောက်စစ်ဆေး

Posted by drmyochit Friday, November 01, 2013, under | No comments

လိုင်စင်မရှိဘဲ တင်သွင်းထားသည့် Heineken ပုလင်းများကို တွေ့ရစဉ် 

လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင် လမ်းဆုံရှိ Quarto Product ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် ဘီယာ၊ ၀ိုင်၊ အေးခဲ အသားများ တရားမ၀င် တင်သွင်းနေသည်ဟု တိုင်ကြားချက်အရ Mobile Team မှ ၀င်ရောက် စစ်ဆေးနေကြောင်း သိရသည်။ ယင်းသို့ တိုင်ကြားချက်ကို ၂၆ ရက်က ရန်ကုန်Mobile Team သို့ သတင်းရောက်ရှိလာပြီး တိုင်ကြားထားသော စက်ရုံ၏ အခြေအနေကို လေ့လာစောင့်ကြည့်ကာ ၂၇ ရက်မှစပြီး ၀င်ရောက် စစ်ဆေးခဲ့ကာ တိုင်ကြားထားသော နိုင်ငံခြား ဘီယာ၊ ၀ိုင်နှင့် အေးခဲအသားတို့ကို တွေ့ရှိထားကြောင်း Mobile Team အဖွဲ့ထံမှ သိရသည်။

စစ်ဆေးတွေ့ရှိထားသော ဘီယာများမှာ Heineken ပုလင်းများနှင့် ဂျာမနီ ဘီယာနှစ်မျိုးတို့ ဖြစ်ပြီး အလုံးပေါင်း ၂၄၀၀ ခန့် ရှိမည်ဖြစ်ကြောင်း၊ သြစတြေးလျ၊ ပြင်သစ် စသည့်နိုင်ငံတို့မှ ထုတ်လုပ်ထားသည့် ၀ိုင်ပုလင်းပေါင်း ၃၀၀၀၀ နီးပါး ပါဝင်ပြီး အေးခဲအသားများတွင် အမဲသား၊ ဆိတ်သားများလည်း ပါဝင်ကြောင်း သိရသည်။

သို့သော် ၎င်းပစ္စည်းများမှာ တရားဝင်ပစ္စည်း ဟုတ်မဟုတ်ကို ဆက်လက် စစ်ဆေးနေပြီး တွေ့ရှိထားသော ပစ္စည်းများထဲမှ Heineken ပုလင်းများမှာ တင်သွင်းခွင့် လိုင်စင်မရှိဘဲ တင်သွင်း ထားကြောင်းကိုသာ လတ်တလော စစ်ဆေးတွေ့ရှိထားကြောင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစစ်ဆေး ခံနေရသော ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူကမူ မိမိတို့အနေဖြင့် ပြပွဲပြုလုပ်ရန် ရှိကြောင်း၊ ယင်းပြပွဲမှာ နီးကပ်လာသဖြင့် ပင်လယ်ရေကြောင်းမှ Heineken ပုလင်းများကို လိုင်စင်မရှိဘဲ အမြန်ဆုံး တင်သွင်းလိုက်ရခြင်း ဖြစ်ကြောင်း ဖြေရှင်းပြောကြားသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်