Friday, November 01, 2013

National Geographic စာဖတ်သူတို့၏ လက်ရာ ဓာတ်ပုံကောင်းများ ပြသ

Posted by drmyochit Friday, November 01, 2013, under | No comments

မဂ္ဂဇင်းကြီး၏ စာဖတ် ပရိသတ် များစွာတို့က ထောင်နှင့် သောင်းနှင့်ချီသော ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး National Geograpicက Your Shotဆိုသော ခေါင်းစဉ်အောက်တွင် အကောင်းဆုံး ဓာတ်ပုံများကို အယ်ဒီတာအဖွဲ့က စုစည်းပေးခဲ့ခြင်း ဖြစ်သည်။


National Geographic မဂ္ဂဇင်းသည် ထုတ်ဝေမှုသက်တမ်း (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် ပရိသတ်များက ပေးပို့သည့် ဓာတ်ပုံကောင်းများကို ထပ်မံထုတ်ဖော် ပြသလိုက်သည်။ မဂ္ဂဇင်း အထူးထုတ်တွင် ပါဝင်မည့် ဓာတ်ပုံလက်ရာမွန် အချို့ကို ပထမအကြိမ် ပြသခဲ့ဖူးပြီး ယခုတစ်ဖန် နောက်ထပ် လက်ရာကောင်းများကို ထုတ်ပြလာခြင်းလည်း ဖြစ်သည်။ မဂ္ဂဇင်းကြီး၏ စာဖတ် ပရိသတ် များစွာတို့က ထောင်နှင့် သောင်းနှင့်ချီသော ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး National Geograpicက Your Shotဆိုသော ခေါင်းစဉ်အောက်တွင် အကောင်းဆုံး ဓာတ်ပုံများကို အယ်ဒီတာအဖွဲ့က စုစည်းပေးခဲ့ခြင်း ဖြစ်သည်။ အချို့သော ဓာတ်ပုံများသည် ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းပါးဆုံး၊ အသီခေါင်ဆုံး ဒေသများမှ မှတ်တမ်းများပါ ပါဝင်နေသည်။

မဂ္ဂဇင်း အယ်ဒီတာအဖွဲ့သည် (၁၂၅)နှစ်ပြည့် အထူးထုတ်အတွက် စာဖတ်သူများက ဓာတ်ပုံများ ပါဝင်ပေး ပို့ရန် အလေးအနက် ပန်ကြား တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ အံ့မခမ်း ဖန်တီးမှုများကို တွေ့ရှိလာခြင်း ဖြစ် သည်။ အယ်ဒီတာအဖွဲ့က ကမ္ဘာကြီး၏ နေ့စဉ် ဖြစ်ပျက် ပြောင်းလဲမှုများကို စကားလုံး မပါသော စကား အခွန်း ထောင်ပေါင်းများစွာဖြင့် ယခုဓာတ်ပုံများက ပြောပြနေကြောင်း ညွှန်းဆို ချီးကျူးခဲ့သည်။ National Geograpicက ဒုတိယအသုတ် ထုတ်ပြခဲ့သည့် ဓာတ်ပုံများအနက် အချို့ကို ယခုကဲ့သို့ စုစည်းဖော်ပြ လိုက်ပါသည်။










From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်