Friday, November 01, 2013

ထိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ဒဏ်ငွေကြောင့် ဆန့်ကျင်ဆန္ဒပြ

Posted by drmyochit Friday, November 01, 2013, under | No comments



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ Railway station တွင် ထိုင်းနိုင်ငံသား ၁ သောင်းကျော် ဆန့်ကျင် ဆန္ဒပြ လျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အတွက် အစိုးရ သဘောတူသော်လည်း Amnesty bill ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ငွေကြေး တစ်ရပ်ကို ချမှတ်ခဲခြင်းကြောင့် ပြည်သူများ ဆန္ဒပြခြင်း ဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့က စတင်ဆန္ဒပြပြီး လူအင်အား ပိုမို၍ တိုးပွားလာခဲ့ သည်။ ၂၀၀၆ ခုနှစ်က သက်ဆင် ထောက်ခံသူ ဆန္ဒပြသူများနှင့် ၂၀၁၀ ခုနှစ်မှ ရှပ်အင်္ကျီ အနီရောင်ဝတ် ဆန္ဒပြသူများကို ထိုင်းအစိုးရတို့ ဖြိုးခွင်းရာတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်း ဖမ်းဆီးထားသူများကို ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုမှုများကို သဘောတူခဲ့သော်လည်း Amnesty Bill ချမှတ်ခြင်းကြောင့် ယခုလို ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒပြသူများအတွက် အစားအသောက်နှင့် ရေများကို ပြည်သူ အချင်း ချင်းထောက်ပံ့ပေးလျက် ရှိပြီး အင် အား များပြားလာခဲ့သည်။ လုံခြုံရေး ရဲ အင်အား ၄ထောင်ကျော် ချထားပြီး ဆန္ဒပြပွဲကို ထိန်းသိမ်းရန် ကြိုးပမ်း လျက်ရှိ ကြောင်း သိရသည်။
.
Ref:Xinhua
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်