Saturday, May 04, 2013

“နျူကလီယားဒုံးကျည်စီမံကိန်း မြောက်ကိုရီးယား ဆက်လက်အကောင်အထည်ဖေါ်”

Posted by drmyochit Saturday, May 04, 2013, under | No comments



မန္တလေး၊မေ ၄-၂၀၁၃

မြောက် ကိုရီးယား နိုင်ငံဟာ အမေရိကန် နိုင်ငံ အထိ ပစ်ခတ် နိုင်မည့် နျူ ကလီယား ဒုံးကျည် စီမံကိန်း ရည်မှန်း ချက်တွေ ဆက်လက် အကောင် အထည် ဖေါ်နေ ဆဲဖြစ် ကြောင်း အမေ ရိကန် ကာကွယ်ရေး ဋ္ဌာန ပင်တ ဂွန်ရဲ့ ကွန် ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင် ခံစာမှာ ဖေါ်ပြ ထားပါ တယ်။

အစီရင် ခံစာထဲမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ပစိဖိတ် ဒေသ ပစ်မှတ်တွေ အထိ လက်လှမ်း မီတဲ့ တိုက်ချင်း ပစ်ဒုံး ကျည် တွေဖြန့်ကျက်ထား ပြီးဖြစ်ကြောင်း ဖေါ်ပြ ထားပါတယ်။နျူကလီယားနည်းပညာနဲ့ တိုက်ချင်းပစ် ဒုံးကျည် ဖြန့်ကျက်ရေး နည်းပညာတွေ တိုးတက် လာမှုနဲ့ အတူ အမေရိကန် မြေ အထိ ပစ်ခတ် တိုက်ခိုက် နိုင်စွမ်း ရှိလာမှာ ဖြစ်ကြောင်း အစီရင် ခံစာမှာ ဆက်လက် ဖေါ်ပြ ထား ပါတယ်။

မြောက် ကိုရီးယား နျူ ကလီးယား စမ်းသပ်မှု ၃-ကြိမ်ကို ကိုးကားပြီး အချိန် မရွေး စမ်းသပ်မှု အသစ်တွေ ပြုလုပ် လာနိုင် ဖွယ် ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဋ္ဌာန ပင်တဂွန်ရဲ့ အစီရင် ခံစာမှာ ဆက်လက် ဖေါ်ပြထား ပါတယ်။ အစီရင်ခံရဲ့ အဆိုအရ ဓါတု လက်နက် မျိုးစုံ ထုတ်လုပ် နိုင်မယ့် စီမံကိန်း အန္ဒရာယ် ကိုလည်း ထည့်သွင်း ဖေါ်ပြ ထားကြောင်း NHK သတင်း တစ်ရပ်မှာ ဖေါ်ပြ ထားပါတယ်။

s.m.Aunng

ကိုးကား

NHK/World News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်