တရား လွှတ်တော် ရှေ့နေ ဦးသန်းဦး နှင့် Weekly Eleven News Journal ၊ နယ် သတင်း ထောက်တို့ ဖြစ်ပွား လျှက်ရှိသည့် ကိစ္စနှင့် စပ်လျှဉ်း ၍ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (ဧရာဝတီ တိုင်း ဒေ သကြီး၊ ဟင်္သာတမြို့နယ်)၊ ဟင်္သာတမြို့နယ် စာရေးဆရာအသင်း နှင့် ဟင်္သာတမြို့ခံ သတင်း ထောက် များမှ မေလ(၁)ရက်နေ့က အချက်(၅)ချက် ပါဝင်သော သဘောထား ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ခဲ့သော သဘောထား ကြေညာချက်တွင်
(၁) သတင်းရေးသား ဖော်ပြချက်သည် ကြေညာချက် မဟုတ်ပါ။
(၂) သတင်းရင်းမြစ် မှန်ကန်သော နှစ်ဖက် တိုင်တန်း ချက်များကို ရေးသား ဖော်ပြချက် ဖြစ်သည့် အတွက် ထောက်ခံ သည်။
(၃) စတုတ္ထ မဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ ဖြစ်သည့်အတွက် မှန်ကန်သည့် ဘက်မှ ဆက်လက် ရပ်တည် သွားမည်။
(၄) ရေးသား ဖော်ပြချက်များနှင့် ပတ်သက်သော အကျိုးဆက်များ အပေါ် ကျင့်ဝတ် မှန်ကန်သော သတင်း သမား ဘက်မှ ဆက်လက် ရပ်တည်၍ ပူးပေါင်း ဆောင်ရွက် သွားမည်။
(၅) ခိုင်မာတိကျသော သတင်းများကို အများပြည်သူ သိရှိနိုင်ရန်အတွက် မီဒီယာ ကျင့်ဝတ်နှင့်အညီ ဆက်လက်ရေးသားဖော်ပြသွားမည်။
စသည့် အချက်(၅)ချက် အား ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
From: https://www.facebook.com/photo.php?fbid=194002497414490&set=pcb.194002577414482&type=1&permPage=1
From: https://www.facebook.com/photo.php?fbid=194001710747902&set=pcb.194002227414517&type=1&relevant_count=3&ref=nf
Time in Rangoon






0 comments:
Post a Comment