Saturday, May 04, 2013

ဆယ်တန်းအမှတ်စာရင်း မလိုဘဲ ဆရာ၊ဆရာမအဖြစ် လျှောက်ထားနိုင်ပြီ

Posted by drmyochit Saturday, May 04, 2013, under | No comments




နေ့စား အနေနဲ့စ ၀င်ရမှာ၊ ပြီးမှ နောက်ထပ် သင်တန်း ပေးပြီး တော့မှ ပညာရေး ၀န်ထမ်း အဖြစ် ခန့်အပ် မှာဖြစ် တယ်” ဟု အမှတ်(၁) အခြေခံ ပညာ ဦးစီး ဌာနမှ ညွှန်မှူး ဦးအေးကြိုင်က ပြောသည်။

အဆိုပါ ၀င်ခွင့်စာမေးပွဲကို ဧပြီလ (၉) ရက်နေ့တွင် ဖြေဆိုခဲ့ရပြီးဖြေဆိုသူဦးရေအနေဖြင့် အထက် မြန်မာ ပြည်တွင် တစ်သိန်း နှစ်သောင်း၊ အောက် မြန်မာပြည်တွင် ကိုးသောင်း ကျပ်ဝန်းကျင်နှင့် အမှတ် ( ၃) အခြေခံ ပညာ ဦးစီး ဌာန လက်အောက်တွင် လူဦးရေ သုံးသောင်း ၀န်းကျင်ခန့် ၀င်ရောက် ဖြေဆို ခဲ့ကြ ကြောင်း သိရှိရသည်။

“ အထွေ ထွေ၊ အင်္ဂလိပ်စာနှဲ့ သချာင်္ ဖြေရတယ်၊ သုံးဘာသာလုံးကိုတစ်နာရီပဲဖြေရတယ်၊ဖြေရတာကတော့ ဘာမှ အခက် အခဲ မရှိပါဘူး၊ ဒါပေမဲ့ သိချင်တာက အဲလောက်လူအများကြီး ၀င်ဖြေတာ သူတို့ ဘယ်လို ပြန်ရွေး မလဲဆိုတာ မသိဘူး၊ဘာလို့လဲဆိုတော့ ဖြေတဲ့ သူတွေ အများကြီးပဲ၊ အကုန် လုံး ကလည်း ဖြေနိုင် ကြတယ်ပဲ ပြောကြတယ်” ဟု ပခုက္ကူမြို့တွင် လာရောက်ဖြေဆိုသူမဆုချိုသင်းက ပြောသည်။

အဆိုပါမူလတန်းပြ ၀င်ခွင့်စာမေးပွဲအတွက် အသက်(၁၈) နှစ်မှ (၄၀) အထိသတ်မှတ်ထားပြီး ၀င်ခွင့် အောင်စာ ရင်းကို မေလအတွင်းတွင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းပြတွေအတွက် အခုလို လုပ်ပေးတာကောင်းပါတယ်၊ ဒါပေမဲ့အရေအတွက်တိုးလာပြီး အရည် အချင်း မရှိမှာပဲ စိုးရိမ်တယ်၊ ဒါပေမဲ့မူလတန်းပြတွေအပြင် အထက်တန်းပြ ဆရာ/ဆရာမတွေလည်း ခေါ်ပေး စေချင် တယ်၊ အခုကကျွန်မ သားအတန်းမှာဆိုရင် ကျောင်းသားတွေက အယောက် (၈၀) ကျော် တယ်၊ အဲဒီတော့ဆရာမတစ်ယောက်က ကျောင်းသားတွေအကြောင်း အကုန် ဘယ်သိပါ့မလဲ” ဟုကျောင်း သားမိ ဘ တစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုရာတွင် မိမိ လျှောက်ထား လိုသည့် နေရာ ဒေသ ကို လျှောက်ထား နိုင်ပြီး အဆိုပါ နေရာ ဒေသ တွင်   နေရာ လစ်လပ်မှု ရှိပါက ခန့်အပ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(မြစ်မခ)
by Myit Makha Mediagroup 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်