Saturday, May 04, 2013

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

Posted by drmyochit Saturday, May 04, 2013, under | No comments

Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါ တယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမ ဟာ မိသားစု ဝင်တွေ မသိဘဲ တားမြစ်ထားတဲ့ အဆီ ကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွား တယ် လို့ သိရပါတယ်။

သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာ ကို တွေ့ ရှိတာကြောင့် စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမ ရဲ့ သွေးထဲမှာ ဆေးတွေကို တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ မသေ ဆုံးခင် တစ်ရက် အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့ ငြင်းပယ် ခဲ့ပါတယ်။

သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့ အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။

ဆာရာရဲ့ ကိုယ်ထဲမှာ DNP နဲ့အတူ စိတ်ကျပျောက်ဆေးတွေ ရှိနေတာကြောင့် DNP ရဲ့အကျိုးသက် ရောက်မှုကို ဆိုးရွားစေပါတယ်။ DNP ဟာ ခန္ဓာကိုယ်တွင်း ပမာဏများစွာရှိနေရင် ဆာရာမသေဆုံး ခင်တစ်ရက်က ခံစားရတဲ့ ဝေဒနာလိုမျိုး ဇီဝဖြစ်ပျက်နှုန်း မြင့်တက်လာကာ အပူချိန်တက်တာနဲ့ အသက်ရှူ မဝတာတွေ ဖြစ်ပြီး နှလုံးခုန်နှုန်းလည်း မြင့်တက် လာတတ် ပါတယ်။ DNP ကို အဆီချဆေး အနေနဲ့ တားမြစ် ထားပေမယ့် ပိုးသတ်ဆေး(Pesticide) အနေနဲ့လည်း တရားဝင် အသုံးပြုနိုင် တာကြောင့် စတိုးဆိုင် တွေမှာ ဝယ်ယူရရှိ နိုင်တာ ဖြစ်ပါတယ်။

ဆာရာဟာ DNP ဆေးဝါးကို သူမ သောက်နေကျ စိတ်ကျ ပျောက်ဆေးနဲ့ တွဲသောက် နေတာကို ဘယ်သူမှ မသိရှိကြဘူးလို့ ဆိုပါတယ်။ ၂၀ဝ၈ ခုနှစ်ကလည်း အသက် ၂၆ နှစ်အရွယ် Selena Walrond သညိ ဆိုသူဟာ DNP ဆေးဝါး သောက်သုံးပြီး နှလုံး တိုက်ခိုက် ခံရတာကြောင့် သေဆုံး ခဲ့ပါတယ်။ Sean Cleathero ဟာလည်း DNP သောက်ပြီး သေဆုံး ဖူးပါတယ်။ 

ဒေါက်တာခင်မိုးမိုး 
Good Health News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်