Saturday, May 04, 2013

စင်ကာပူ ယာဉ်ရပ်နားစခန်းမှာ လုပ်သား ၂ ဦး Ferrari 458 အား ပိုင်ရှင်အလစ်၌ မြို့တစ်ပတ် ခိုးယူမောင်းနှင်

Posted by drmyochit Saturday, May 04, 2013, under | No comments



ပြီးခဲ့သည့် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ စင်ကာပူနိုင်ငံ Resorts World Sentosa သို့ လူတစ်ဦးမှ ယင်း ၏ ဒေါ်လာ ၂ သိန်းခွဲတန် Ferrari 458 ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ 

Sentosa ရှိ ယာဉ်ရပ်နားရာသို့ ရောက်ရှိပြီးနောက် လုပ်သား ၂ ဦးအား ကားသော့ပေးပြီး ထွက်ခွာ သွားပါ တယ်။ ကားသော့ရပြီး နောက်မှာတော့ လုပ်သား ၂ ဦးက ကားကို အသေအချာ သိမ်းဆည်းပေးတယ်လို့ ထင်ရင် တော့ မှားသွား ပါလိမ့်မယ်။ 

ကားသော့ ရပြီးနောက် အဆိုပါ လုပ်သား ၂ ဦးဟာ ဤ Ferrari 458 စူပါကား အား စင်ကာ ပူမြို့ တစ်ပတ် အပျော် ခရီး မောင်းနှင် ခဲ့ကြ ပါတယ်။ မောင်း နှင်ရုံ တင် မဟုတ်ပဲ ဗီဒီယို ရိုက် ကူးပြီး မှတ်တမ်း တင်ခဲ့ ကြပါ သေးတယ်။ 

အဆိုပါ ပုဂ္ဂိုလ် ၂ ဦးရဲ့ ကားခိုး မောင်းမှုကို ပိုင်ရှင်ဖြစ် သူက ကားပေါ်ရှိ လုံခြုံရေး ကင်မရာအား ပြန် လည်ကြည့် ရှုရာမှ ဖော်ထုတ် နိုင်ခဲ့ပြီး ရဲထံသို့ တိုင်ကြားခဲ့သလို Resorts World Sentosa သို့လည်း ယင်း၏ရှေ့နေမှတဆင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရှိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်