အိန္ဒိယနိုင်ငံက ပြီးခဲ့တပတ်ကပဲ မူလတန်းကျောင်းက ကျောင်းသား ၂၃ယောက်လောက် သေဆုံးစေခဲ့တဲ့ အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ သံသယရှိသူ ကျောင်းအုပ်ဆရာမကို အိန္ဒိယရဲတွေက ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။
အစာအဆိပ်ကြောင့် ဆေးရုံတက် ဆေးကုသမှုခံယူနေတဲ့ကလေးငယ်တွေ (Credit: AFP)
စာသင်ကျောင်းက ကလေးငယ်တွေ အစာအဆိပ်ကြောင့် နေမကောင်းဖြစ်လာကြတဲ့အချိန်မှာ ပဲ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ကျောင်းအုပ်ဆရာမ မီနာ ဒီဗီကို ရဲတွေက တပတ်လောက် ရှာဖွေခဲ့ရ တာဖြစ်ပါတယ်။ အဲဒီ ကျောင်းအုပ်ဆရာမ မီနာ ဒီဗီကို လူသတ်မှု လျို့ဝှက်လုပ်ကြံမှုတွေနဲ့ တရားစွဲထားပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ကလေးငယ်တွေကို သေစေတဲ့ အစာထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လေ့လာစစ်ဆေးရေးသမားတွေရဲ့ အဆိုအရ ချက်ပြုတ်တဲ့ စားဆီတွေဟာ ပိုးသတ်ဆေးဗူးမှာ ထည့်ထားတဲ့ ဆီတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆီတွေနဲ့ နေ့လည်စာချက်တဲ့ ထမင်းချက်ကို ကျောင်းအုပ်က အတင်းထည့်ချက်ခိုင်းခဲ့တာဖြစ်မယ်လို့ စစ်ဆေးရေးသမား တွေကပြောတဲ့အကြောင်း အေဘီစီ သတင်းထောက် Stephane March က နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။
From: ABC Radio Australia
Time in Rangoon


0 comments:
Post a Comment