Thursday, July 25, 2013

မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့

Posted by drmyochit Thursday, July 25, 2013, under | No comments

အမေရိကန် နိုင်ငံ မီချီဂန် ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန်လွဲ ပြသခဲ့ရာ လမ်းသွား လမ်းလာများ အထိတ်တလန့်  ဖြစ်ခဲ့ရသည့် အကြောင်း  ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထားပါသည်......................



အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွား ဟန်လွှဲ ပြသခဲ့ရာ လမ်းသွား လမ်းလာများ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ အန်ဒီဂရော့စ်သည် မီချီဂန်ပြည်နယ် အတွင်းရှိ ဥယျာဉ်တစ်ခုအတွင်းသို့ ၀င်ရောက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ကာ ခါးပိုင်းကို လက်ဖြင့်ကိုင်ပြီး လမ်းလျှောက် ပြသခဲ့သည်။ ထိုမျက်လှည့် ပြကွက်ကို ရုတ်တရက်ပြသခဲ့ချိန်တွင် အချို့အမျိုးသမီးများသည် အထိတ်တလန့် ထွက်ပြေးခဲ့သဖြင့် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရသည်။ ထိုမျက်လှည့်ပြကွက်ကို စိတ်ဝင်စားသော လူငယ်လူရွယ် အချို့က မှတ်တမ်းတင် ဓါတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

အန်ဒီဂရော့စ် မျက်လှည့်ပြသခဲ့ချိန်တွင် ရုတ်တရတ် အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမှုက လွှမ်းမိုးခဲ့ပြီး ထွက်ပြေးရန်ပင် သတိရမိခဲ့ခြင်းမရှိကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် အမျိုးသမီး တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

(DM,22.7.13) ကိုစိုး

ပြည်မြန်မာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်