Thursday, July 19, 2012

စပါးတင်း ၁၀၀လျှင်ချေးငွေနှစ်သိန်း ထုတ်ပေးရန်စီစဉ်နေ

Posted by drmyochit Thursday, July 19, 2012, under | No comments


နေပြည်တော်ကောင်စီနယ် မြေအတွင်း ဆန်စပါးအထူးပြု ကုမ္ပဏီများမှ ဈေးကွက်ခိုင်မာမှု  နှင့်ဈေးကွက်အလားအလာအရ  အထွက်တိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ စပါးတင်း ၁၀၀ လျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့်ကြို တင်ငွေထုတ်ချေးပေးရန် စီစဉ် နေကြောင်း လယ်ယာစိုက်ပျိုးရေး  ဆည်မြောင်းဝန်ကြီးဌာနမှသိရ သည်။
ထို့ပြင်စပါးတင်း ၁၀၀လျှင်   အာမခံချေးငွေကျပ်(၄)သိန်းနှုန်းဖြင့်  ၀ယ်ယူရန်ရှိကြောင်းသိရသည်။
““နေပြည်တော်ကောင်စီနယ် မြေအတွင်းမှာ ဆန်စပါးအထူး ပြု ကုမ္ပဏီတွေက ဈေးကွက်အလား  အလာအရ စီစဉ်ပေးဖို့လုပ်နေတာ ပါ””ဟု လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။
လယ်ယာကဏ္ဍတွင် အရင်း အနှီးနည်းပါးသည့် တောင်သူများ  များပြားသည့်အတွက် ပုဂ်္ဂလိက လုပ်ငန်းရှင်များမှ ပါဝင်ရင်းနှီးမြှုပ် နှံဆောင်ရွက်မှသာ လယ်ယာကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ် သည်။
နိုင်ငံတော်အစိုးရ ဘက်မှ လည်း တောင်သူလယ်သမားများ ၏ စပါးစိုက်ပျိုးစရိတ်အား ယခင်  တဧကလျှင် ငွေကျပ်၂၀၀၀၀နှုန်း  ချေးပေးခဲ့ရာမှ ယခု ၅၀၀၀၀နှုန်း  ထုတ်ချေးခဲ့ခြင်းဖြင့် တောင်သူ များ၏ စိုက်ပျိုးထုတ်လုပ်မှုကုန် ကျစရိတ်ကို တိုးမြှင့်စီစဉ်ပေးခဲ့ ကြောင်းသိရသည်။
http://www.hotnewsweekly.com/

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်