ကျော်မိုး (စကားဝါမြေ)
ဇူလိုင် ၁၇၊ ၂၀၁၂
“ဆယ့်ကိုး” ဆိုတဲ့ဂဏာန်း
သူ့နဂို မဆန်း
သို့သော်
ငါ့ရင်မှာ လွမ်းမိတာတော့အမှန်။
နေပြက္ခဒိန် သက္ကရာဇ်
နှစ်ထောင့်ဆယ့်နှစ်ရှိခဲ့ပြီ
တစ်နှစ်မှာဆယ့်နှစ်လ၊ တစ်လမှာ တစ်ရက်
“ဆယ့်ကိုး” ဂဏန်းရေတွက်ကြည့်
တစ်ဆယ့်နှစ်ကြိမ်ပဲရှိ။
ဇွန်ဆိုတဲ့ဒီလ
“ဂျူနိုနတ်သမီး” ကို အစွဲပြုခေါ်ကြသတဲ့
ထူးကဲတဲ ဒီလရဲ့ “ဆယ့်ကိုး”
“စုကြည်” ထိုသမီးပျိုကို
ဖခင်ဗိုလ်ချုပ်အောင်ဆန်း ၊မိခင်ဒေါ်ခင်ကြည်တို့မှ
ကမ္ဘာလောကကြီးအတွက်ပေးဆပ်ဖို့
လာခြင်းကောင်းစွာနဲ့ မွေးဖွားပေးခဲ့။
ထိုသမီးမွေးပြီး (၂) နှစ်အကြာ
စနေသားဖခင် ဂြိုဟ်ဆိုးဝင်ခဲ့။
ဂျူးလိယပ်ဆီဇာဆိုတဲ့ ရောမဘုရင်ကို
ဂုဏ်ပြုမှည့်တွင်
အခုလို “ဇူလိုင်လ” ရဲ့
“ဆယ့်ကိုး”ဆိုတဲ့နေ့ပင်ဖြစ်ခဲ့။
အဖေနဲ့ သမီး
ရေစက် တကယ်နီးပုံများ
ဂဏန်း “ဆယ့်ကိုး” နေ့တူ
တွေးလို့ပင် ယူလောက်ရဲ့။
သို့သော်
အဖေနဲ့ သမီး
အစုန်နဲ့ အဆန်
မွေးနေ့နဲ့ သေနေ့
အတူနေတာနဲ့ ခွဲခွာတာ
“နိယာမ” အလိုတိုင်း ဖြစ်နေတာဆိုဦး
ငါ့ရင်မှာတော “ဆန်း”သလိုခံစားမိ။
“အောင်ဆန်း”ဆိုတဲ့ဖခင်
ဂျူးလိယပ်ဆီဇာဘုရင်လိုပင်
လုပ်ြကံခြင်း သူခံခဲ့ရ။
ကောင်းကင်က “ဂျူနို”နတ်သမီးလို
“စုကြည်” ထိုသမီးက ထင်ရှား။
“ဇွန်နဲ့ ဇူလိုင်” ထိုနှစ်လ
သူ့ဗီဇ ပြပုံအမှန်
ငါ့စိတ်သဏ္ဍာန် ကပ်ငြိ။
ဇွန်လ ရဲ့ “ဆယ့်ကိုး”
ငါ့ရင်မှာဖြိုးကြွယ်တဲ့ ပီတိ
တွေးမိလို့ မဝခင်
ညှိုးမိပေါ့ ငါ့စိတ်အစဉ်၌
“ဆယ့်ကိုး” ဇူလိုင် မမေ့နိုင်
ယ္ခုတိုင် လွမ်းနေမြဲပါလေ။
(ဆယ့်ကိုးဇူလိုင် အမှတ်တရ)
Time in Rangoon


0 comments:
Post a Comment