Thursday, July 19, 2012

ဂျပန်တွင် အပူလှိုင်းဒဏ်ကြောင့် လူတစ်ဦးသေဆုံးပြီး ၆၉၃ ဦးအား ဆေးရုံတင်ပို့ရ

Posted by drmyochit Thursday, July 19, 2012, under | No comments

အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထား

ဂျပန်တွင် အပူလှိုင်းဒဏ်ကြောင့် လူတစ်ဦးသေဆုံးပြီး ၆၉၃ ဦးအား ဆေးရုံတင်ပို့ရ








ဂျပန်နိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူဒဏ်ခံစားကြရပြီး စီရင်စု ၄၅ ခုမှ လူပေါင်း ၆၉၃ ဦးမှာ တနင်္လာနေ့က ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်း RT News က ပြောကြားသည်။ ၎င်းတို့အနက် အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ဦးမှာ တနင်္လာနေ့ညက သေဆုံးသွားသည်။ တိုကျို့မြို့တွင် လူ ၂၁ ဦး အပူဒဏ်ကြောင့် ဆေးရုံသို့ တင်ပို့လိုက်ရသည်။

heatwave in japan


အပူလှိုင်းကျရောက်မှုကြောင့် အပူလျှပ်သည့် ဝေဒနာခံစားရသူ အများစုမှာ ဂျပန်နိုင်ငံ၏ အားလပ်ရပ်တစ်ရက်ဖြစ်သော တနင်္လာနေ့တွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသော သို့မဟုတ် အားပေးကြည့်ရှုသည့် ကျောင်းသား ကျောင်းသူများ အဓိကပါဝင်ကြောင်း Fuji ရုပ်သံသတင်းက ပြောကြားသည်။ အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။
Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်