Thursday, July 19, 2012

အမေရိကန်ရေတပ်သင်္ဘောမှ ငါးဖမ်းလှေတစ်စီးအားပစ်ခတ်ခဲ့ခြင်း

Posted by drmyochit Thursday, July 19, 2012, under | No comments

ပါရှန်ပင်လယ်ကွေ့ဒူဘိုင်းကမ်းရိုးတန်းအလွန်တွင် အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် ငါး ဖမ်း သင်္ဘောတစ်စီးအား ပစ်ခတ်ခဲ့ရာ ၎င်းသင်္ဘောတွင်ပါသည့် အရပ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာရရှိခဲ့ပါသည်။   အမေရိကန်နှင့် အီရန်တို့သည် တင်းမာမှု အရှိန်မြင့်မားနေစဉ် ၎င်းရေတပ်သင်္ဘောမှာ ကင်း လှည့်နေခြင်း ဖြစ်ပါသည်။
အရပ်သားတစ်ဦး၏ပြောကြားချက်အရ အမေရိကန်အမှတ်(၅)ရေယာဉ်တပ်ပေါင်းစုအား ပါရှန် ပင်လယ်ကွေ့တွင် တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းလှေမှာ ၎င်းတို့၏ သတိပေးမှုအား ဂရုမစိုက်ဘဲ အရှိန်ပြင်းစွာ မောင်း၍ချဉ်းကပ်လာခဲ့သဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။
၎င်းင်းသင်္ဘောမှာ အရပ်သားပိုင်ငါးဖမ်းသင်္ဘောတစ်စီးဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင် အိနိ္ဒယ လူမျိုးတစ်ဦး သေဆုံးကာ အခြား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း UAE အစိုးရမှ နိုင်ငံပိုင်သတင်းဌာနသို့ တ ရားဝင်ပြောကြားခဲ့ ပါသည်။ ပါရှန် ပင်လယ်ကွေ့နှင့် အာရေဘီယံပင်လယ်တို့အား ထိန်းချုပ် ထားနိုင်သော ဟော်မုဇ်ရေလက်ကြား အား ပိတ်ပစ်မည်ဟု အီရန်မှခြိမ်းခြောက်ခဲ့ပါသည်။ အီရန်သည် မ ကြာမီက အဆိုပါဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အမေရိကန် သင်္ဘောများအား ခြိမ်းခြောက်ရန်အတွက် မြန်နှုန်းမြင့်ကင်းလှည့် ရေယာဉ်များ စေလွှတ်၍ ကင်းလှည့် လျက်ရှိပါသည်။
NHK.com;july-17(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်