Thursday, October 31, 2013

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်

Posted by drmyochit Thursday, October 31, 2013, under | No comments

မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း  ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေး ဘဏ် (MICB)တွင် နှစ်ဦးပူးတွဲ၍ ဘဏ်စာရင်းဖွင့်ခဲ့သည်။ ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်ကို ရှေ့နေအမျိုး သမီးက ကျန်အမျိုးသမီးထံအပ်ထားခဲ့ရာ အဆိုပါငွေကြေးများနှင့် ဘဏ်စာအုပ်ကို တောင်းခံသောအခါ ပြန်မပေး ဘဲ ရှောင်နေသောကြောင့် အရေးယူပေးရန် တရားလွှတ်တော်ရှေ့နေက တရားလိုပြုကာ မရမ်း ကုန်းမြို့ မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေအမျိုးသမီးသည် တရားအားထုတ်နေသူဖြစ်၍ အမွေဆိုင်အိမ်ကို ရောင်းရာမှရရှိထားသည့် ကျပ်ငွေသိန်း ၈၇၀၀ အား ထိန်းသိမ်းပေးမည့်သူမရှိသောကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ခင်မင်ခဲ့သည့် ယင်းအမျိုးသမီးထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအတွက်သုံးစွဲရန် ငွေပြန်တောင်းရာမရ၍ မိတ်ဆွေတစ်ဦးထံ တိုင်ပင်ရာမှ ရဲစခန်းသို့လာရောက်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

““အခုတော့ အမှုဖွင့်ခံထားရတဲ့အမျိုးသမီးလည်း ရဲစခန်းကို ရောက်နေပြီ။ စစ်ဆေးနေဆဲပါ”” ဟု မရမ်း ကုန်းမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ခင်မောင်လှက ပြောသည်။

ယင်းဖြစ် ရပ်ကို ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၄၀၆ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7DAY DAILY


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်