Friday, December 06, 2013

ရည်းစားဟောင်းမှ ဓားဖြင့်ထိုး၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Posted by drmyochit Friday, December 06, 2013, under | No comments

နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် အမျိုးသား ကွန်ပျူတာ စာစီစာရိုက် ဆိုင်တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခန့်က အမျိုးသား ကွန်ပျူတာ စာစီစာရိုက်ဆိုင်တွင် အလုပ်လုပ်နေ သူ နီလာဝင်း ၂၇ နှစ် (ဘ) ဦးကြည်ဝင်း ပြည်စံအောင် ရပ်ကွက်နေသူနှင့် မြို့မဈေး အမျိုးသား ကွန်ပျူတာ ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော ဇော်ဝင်းနိုင် ၂၆နှစ် (ဘ) ဦးခင်မောင်ရင် ဇမ္ဗူသီရိ မြို့နယ်နေသူ နှစ်ဦးတို့ သည် လွန်ခဲ့သော တစ်လခန့်က သမီးရည်းစား ဖြစ်ခဲ့သည်ဟု သိရသည်။ ဇော်ဝင်းနိုင်သည် နီလာ ဝင်း အလုပ် လုပ်ကိုင်နေသော ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး နီလာဝင်းအား အသင့်ပါလာသော ဓားဖြင့် ထိုးခဲ့ရာ နီလာဝင်း၏ ဝဲဘက်ရင်ခေါင်းအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊နောက်ကျော ဝဲဘက်ခြမ်း တွင် ထိုး သွင်းဒဏ်ရာ နှစ်ချက် ရရှိသဖြင့် နီလာဝင်းအား ခုတင် ၁ဝဝဝ ဆေးရုံသို့ ရဲဆေး စာဖြင့် ပို့အပ်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်းဦးက တရားလိုပြုလုပ်၍ ဇော်ဝင်းနိုင်အား တိုင်တန်း ခဲ့သည်။ ယင်းဖြစ်စဉ်အား ရွှေတွင်းကုန်း မြို့မရဲစခန်းမှ (ပ)၁၂၃/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး တရားခံ အား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည။်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်